Pages

Sunday, September 21, 2014

အခြေခံပညာကျောင်း များ၌ ဖွံ့ ဖြိုးရေးဘာသာရပ် စာသင်ချိန်များတွင် ကင်းထောက် သင်ခန်းစာများ တွဲဖက်သင်ကြားနိုင်ရန် စီစဉ်


ကင်းထောက်လူငယ်များကို တွေ့ရစဉ်

ရန်ကုန် ၊ ၂၁-၉-၂၀၁၄

မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံ ပညာကျောင်း များ၌ ပညာ သင်ကြားနေသော အလယ်တန်း အဆင့် ကျောင်းသား ကျောင်းသူ များအား ၄င်းတို့၏ ဖွံ့ဖြိုးရေး ဘာသာရပ် စာသင်ချိန်များတွင် ကင်းထောက် လုပ်ငန်းများနှင့် ပတ်သက်သော စာတွေ့ လက်တွေ့ သင်ခန်းစာများ သင်ကြား ပို့ချနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက် အဖွဲ့ချုပ် မှ သိရသည်။

ထိုကဲ့သို့ ကင်းထောက် သင်ခန်းစာများ သင်ကြား ပို့ချနိုင်စေရန် ပညာရေး ဝန်ကြီးဌာနသို့ တရားဝင် ခွင့်ပြုချက် ရရှိရန် အကြံပြု တင်ပြ ထားကြောင်း သိရသည်။ လက်ရှိတွင်လည်း ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ် နှင့် ကမာရွတ် မြို့နယ် တို့ရှိ အခြေခံ ပညာကျောင်း အချို့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အခြေခံပညာ ကျောင်း အချို့တို့၌ ကျောင်းသား၊ ကျောင်းသူ များအား ဖွံ့ဖြိုးရေး ဘာသာရပ် စာသင်ချိန် များတွင် ကင်းထောက် လုပ်ငန်းဆိုင်ရာ အခြေခံ သင်ခန်းစာ များကို စတင် သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန မှ တရားဝင် ခွင့်ပြုချက် ရရှိလာသည့် အခါ မြန်မာ တစ်နိုင်ငံလုံးရှိ အခြေခံ ပညာကျောင်း အားလုံးနီးပါး ၌ ဖွံ့ဖြိုးရေး ဘာသာရပ် တစ်ခု အနေဖြင့် သင်ကြားရန် အခြေခံ ကင်းထောက် ပညာရပ်နှင့် ပတ်သက်သော သင်ရိုးညွှန်းတမ်း များကို ရေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ တစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်း ၇၈ ကျောင်း၌ အမျိုးသား၊ အမျိုးသမီး ကင်းထောက် လူငယ် ဦးရေပေါင်း ၉၂ဝဝ နီးပါးရှိနေပြီ ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment