Pages

Friday, September 19, 2014

ငွေစက္ကူအသစ် ထုတ်ဝေခြင်း


ငွေစက္ကူအသစ် ထုတ်ဝေခြင်း

မျက်နှာဘက်

ကျောဘက်


မြန်မာနိုင်ငံတော်ဗဟိုဘဏ်

နေပြည်တော်

(၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်)

သတင်းကြေညာချက်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံတော်၏ ဈေးကွက်စီးပွားရေးအနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေး နှင့် ငွေရေးကြေးရေး စနစ်ခေတ်မီ၊ ခိုင်မာတိုးတက် လာစေရေးအတွက် ဦးတည် ဆောင်ရွက်လျက် ရှိပြီး နိုင်ငံတကာ အဆင့်မီ အဆင့်မြင့်လုံခြုံမှုအဆင့်တန်းရှိသော ငွေစက္ကူများကို ထုတ်ဝေခဲ့ပါသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ဝေခဲ့သော ငါးထောင်ကျပ်တန် ငွေစက္ကူ၏ တရားဝင်လှည့်လည် သုံးစွဲငွေအဖြစ် တည်ရှိနေမှုကို မထိခိုက်စေဘဲ ယင်းငွေစက္ကူ၏ လုံခြုံမှုအဆင့်အတန်း ပိုမိုမြင့်မားစေ၍ အရည်အသွေး ပိုမိုကောင်းမွန်စေရန်၊ အသုံးပြုနိုင်မှု သက်တမ်း ပိုမိုရှည်ကြာစေရန်နှင့် အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန် အလို့ငှာ လုံခြုံရေးကြိုး ပုံစံသစ်၊ ရေစာသစ်နှင့် ငွေစက္ကူ၏ မျက်နှာပြင်နှစ်ဘက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ်ကာကွယ်ထားသည့် ငါးထောင်ကျပ်တန် ငွေစက္ကူကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ထုတ်ဝေမည် ဖြစ်ပါသည်။

မူလက ငါးထောင်တန် ငွေစက္ကူ၏ မျက်နှာစာတွင် ဒေါင်လိုက် ထည့်သွင်းထားသော အကန့်လိုက် ဆစ်ပိုင်းပြီး မြှုပ်နှံထားသည့် လုံခြုံရေးကြိုးအစား အရောင် ပြောင်းလဲနိုင်သည့် လုံခြုံရေးကြိုး အသစ်ကို အကန့်လိုက် အဆစ်ပိုင်းပြီး ပြောင်းလဲထည့်သွင်း ထားပါသည်။ ၎င်းလုံခြုံရေးကြိုး အသစ်သည် ယခင် လုံခြုံရေးကြိုးထက် အရွယ်အစား ပိုမိုကြီး၍ အရောင်လည်း ပြောင်းလဲနိုင်ပြီး ငွေစက္ကူကို ကြည့်သည့် အနေအထား ပေါ်မူတည်၍ လုံခြုံရေးကြိုး၏ အရောင်သည် ရွှေဝါရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲ နိုင်ပါသည်။ ငါးထောင်ကျပ်တန် ငွေစက္ကူ၏ မျက်နှာစာဖက်၊ လက်ယာဘက်ပိုင်းတွင် ပုံစံအသစ်ဖြင့် ပြုလုပ်ထားသည့် ဆင်ဖြူတော်ပုံ ရေစာပါရှိပြီး ငွေစက္ကူကို အလင်းရောင်တွင် ကြည့်ပါက ရေစာကို တွေ့နိုင်ပါသည်။ ငွေစက္ကူကို ဖုံးအုပ်ကာကွယ်ထားသည့် ဗားနစ် (Varnish) အလွှာသည် ပြင်ပမှ ရေခိုးရေငွေ့များ၊ အရည်များနှင့် အရောင်စွန်းထင်း နိုင်သည့် အရာများကြောင့် ငွေစက္ကူ၏ အရည်အသွေး နိမ့်ကျ၍ ငွေစက္ကူ ပျက်စီးခြင်းကို ကာကွယ်စေသဖြင့် ငွေစက္ကူ၏ အသုံးပြုမှု သက်တမ်းကို ပိုမို ရှည်ကြာစေပါသည်။ ယခု ထုတ်ဝေမည့် ငါးထောင်ကျပ်တန် ငွေစက္ကူမှာ လုံခြုံရေးကြိုးပုံစံသစ်၊ ရေစာသစ်နှင့် ငွေစက္ကူ၏ မျက်နှာပြင်နှစ်ဘက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ် ကာကွယ်ထားခြင်း တို့မှ အပ ငွေစက္ကူ အရွယ်အစား၊ ပုံသဏ္ဍာန်နှင့် အရောင် သတ်မှတ်ချက် များသည် မူလ ငါးထောင်ကျပ်တန် ငွေစက္ကူ အတိုင်းဖြစ်ပါသည်။

လက်ရှိ တရားဝင် လှည့်လည်သုံးစွဲလျက်ရှိသော ငါးထောင်ကျပ်တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေ အဖြစ် ဆက်လက်တည်ရှိမည်ဖြစ်ပါသည်။

#Themyawadydaily

No comments:

Post a Comment