Pages

Friday, September 26, 2014

၂၀၁၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ကျင်းပမည်



တောင်ကြီး ၊ ၂၆-၉-၂၀၁၄

၂ဝ၁၄ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကို အောက်တိုဘာ ၃ဝ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ညမီးကျည် နှင့် စိန်နားပန် မီးပုံး အမျိုးအစား တစ်ရာကျော်ဖြင့် ကျင်းပ သွားမည် ဖြစ်သည်။

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပရေး ကော်မတီဝင် ဦးစိုးသိန်း က တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် တွင် ယှဉ်ပြိုင်မည့် မီးပုံးများကို အောက်တိုဘာ ၁ ရက်တွင် စတင် လက်ခံသွားမည် ဖြစ်ပြီး ဒီနှစ်က မီးပုံးတွေ များတယ်၊ ဒီနှစ်ပြိုင်ပွဲဝင် မီးပုံးတွေကို အမှတ်ပေးရာမှာ ပွင့်လင်း မြင်သာအောင် လုပ်ထား ပါတယ်၊ ပြိုင်ပွဲဝင်တဲ့ သူတွေအတွက် ကျေနပ်စရာပါ ဟု ပြောသည်။

ယခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် တွင် ညမီးကျည်မီးပုံး များအား ပထမဆုငွေ ကျပ်သိန်း ၅ဝ၊ ဒုတိယဆု ငွေကျပ် ၄၅ သိန်း ၊ တတိယဆု ငွေကျပ် သိန်း ၄၀ စသည်ဖြင့် ဒသမဆု အထိ ဆုများ ပေးအပ် သွားမည် ဖြစ်သည်။ စိန်နားပန် မီးပုံးများအား ပထမဆု ငွေကျပ် ၃၅ သိန်း ၊ ဒုတိယဆု ငွေကျပ် သိန်း ၃၀ ၊ တတိယဆု ငွေကျပ် ၂၅ သိန်း စသည်ဖြင့် ဒသမဆု အထိဆုများ အသီးသီး ပေးအပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment