Pages

Sunday, September 28, 2014

ကမ္ဘာလှည့်ခရီးသွားများ စီးနင်းမှုများလာသောကြောင့် မီးပုံးပျံခရီးစဉ်ကို ခရီးသွားရာသီကုန်အထိ တိုးချဲ့ပျံသန်းပေးရန် စီစဉ်ဆောင်ရွက်



ရန်ကုန် ၊ ၂၈-၉-၂၀၁၄

ပုဂံဒေသ၌ ကမ္ဘာလှည့် ခရီးသွားများ မီးပုံးပျံ စီးနင်းမှု များလာ သောကြောင့် ခရီးသွား ရာသီကုန် အထိ ပျံသန်း ပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း Myanmar Ballooning ကုမ္ပဏီမှ အော်ပရေးရှင်း မန်နေဂျာ၏ ပြောကြားချက် အရ သိရသည်။

ပုဂံဒေသအတွင်း မီးပုံးပျံ ပျံသန်းရန် အတွက် သုံးနေရာ သတ်မှတ်ထားကာ မီးပုံးပျံ ရှစ်လုံးဖြင့် ပျံသန်း သွားမည်ဖြစ်ပြီး ပျံသန်းရာတွင် ရာသီဥတု အခြေအနေပေါ် မူတည်၍ နေရာ အပြောင်းအလဲ ရှိနိုင်ကြောင်း နှင့် စီးနင်းခမှာ တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၃၈ဝ ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

မီးပုံးပျံ ပျံသန်းမှုများကို ပုဂံဒေသ ၌ သာမက မန္တလေးမြို့နှင့် အင်းလေးဒေသ များတွင်ပါ တိုးချဲ့ထားကာ မန္တလေး၌ ယမန်နှစ်က စတင်ပျံသန်း ခဲ့ပြီး ယခုနှစ်တွင် အင်းလေးဒေသ ၌ ပျံသန်း ပေးသွားမည် ဖြစ်သည်။ပြီးခဲ့သည့်နှစ် က မန္တလေး၌ စတင် ပျံသန်းချိန်တွင် ခရီးသွားများ အနေဖြင့် သိရှိမှု နည်းခြင်းကြောင့် စီးနင်းသော ခရီးသွား အရေအတွက် နည်းပါး ခဲ့ကြောင်း၊ ယခုနှစ်တွင် ပိုမိုများပြား လာနိုင်ဖွယ် ရှိကြောင်း သိရသည်။

မီးပုံးပျံ ခရီးစဉ်များကို ပုဂံဒေသနှင့် မန္တလေးတို့၌ နိုဝင်ဘာ ၁ ရက်တွင် စတင် ပျံသန်း သွားမည်ဖြစ်ပြီး အင်းလေးဒေသ ၌ နိုဝင်ဘာ ၁၅ ရက်တွင် စတင်ပျံသန်း သွားမည် ဖြစ်ကြောင်း၊ အင်းလေး - ညောင်ရွှေ ဒေသ၌ ပုံမှန်ခရီးစဉ် ပျံသန်းပေးမည် ဖြစ်ပြီး ပင်းတယ ဒေသသို့ စင်းလုံးငှား အဖြစ် ပျံသန်း ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ပုဂံဒေသ၌ စီးနင်းလိုမှု များပြား ခဲ့သော်လည်း မီးပုံးပျံ အရေအတွက် နည်းနေ၍ အချို့သော ခရီးသွား များမှာ စီးနင်းခွင့် မရရှိခဲ့ ကြောင်း သိရသည်။ မီးပုံးပျံ စီးနင်းခ အနေဖြင့် ပုဂံနှင့် မန္တလေး တို့၌ ဈေးနှုန်း တူညီသော်လည်း အင်းလေး ဒေသသည် ယခုနှစ်မှ စတင် သောကြောင့် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၄၂ဝ ကျသင့်မည် ဖြစ်ကြောင်း၊ မီးပုံးပျံ ပျံသန်းမည့် ရက်များကို ရာသီဥတု အခြေအနေ ကောင်းမွန်ပါက တိုးမြှင့် ပျံသန်းနိုင်ရန် စီစဉ်ထားပြီး ယခုနှစ်တွင် ပြည်ပခရီးသွား ဝင်ရောက် လာမှု ပိုမိုများပြား လာသည်နှင့် အမျှ မီးပုံးပျံ စီးနင်းလိုသော ခရီးသွားများ မှာလည်း တိုးတက် လာနိုင်၍ ခရီးစဉ်များ တိုးချဲ့မှုနှင့် ပျံသန်းရက်များ တိုးမြှင့်မှုကို လုပ်ဆောင် လာရခြင်း ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment