Pages

Wednesday, August 6, 2014

ကိုယ်ပိုင်လေယာဉ် ဖြင့် လာရောက်သည့် ခရီးသည်များ သီးသန့် နားနေ ထွက်ခွာနိုင်မည့် စင်တာဖွင့်လှစ်



ရန်ကုန် ၊ ၆-၈-၂၀၁၄

မြန်မာနိုင်ငံ သို့ ကိုယ်ပိုင် လေယာဉ်ဖြင့် လာရောက်သည့် ခရီးသည်များ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် အဆောက်အဦအား အသုံးပြုရန် မလိုဘဲ သီးသန့် နားနေ- ထွက်ခွာ နိုင်မည့် Myanmar MJETS Business Aviation Centre အား ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ သြဂုတ်လ ၂ ရက်က ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

ထို့ပြင် Myanmar MJETS Business Aviation Centre ( MMBAC ) က ဘန်ကောက် နှင့် စင်ကာပူ နိုင်ငံများသို့ စင်းလုံးငှား လေယာဉ် ၀န်ဆောင်မှု နှင့် လူနာတင် လေယာဉ် ၀န်ဆောင်မှု များကို ပြုလုပ် ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

ယခုအခါတွင် ထိုင်း ၊ စင်ကာပူ စသော နိုင်ငံများ၌ ဆေးကုသမှု ခံယူမည့် သူများသည် စင်းလုံးငှား လေယာဉ်ဖြင့် တစ်ပတ်လျှင် တစ်ကြိမ်နှုန်း နှင့် တစ်လ လေးကြိမ် ပျံသန်းလျက် ရှိကြောင်း သိရသည်။ ထို့ကြောင့် ခရီးသည် များ၏ လိုအပ်ချက် အပေါ် မူတည်၍ စင်းလုံးငှား လေယာဉ်များကို ထပ်မံ ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Myanmar MJETS Business Aviation Centre သည် ကိုယ်ပိုင် လေယာဉ်ဖြင့် မြန်မာနိုင်ငံ သို့ လာရောက်သည့် ခရီးသည်များ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် အဆောက်အဦ ကို အသုံးပြုရန် မလိုဘဲ အဆိုပါ စင်တာ၌ပင် လူဝင်မှု ကြီးကြပ်ရေး နှင့် အကောက်ခွန် လုပ်ငန်းစဉ်များ အပါအ၀င် လေဆိပ် ၀န်ဆောင်မှု လုပ်ငန်းများကို တစ်ပါတည်း ပြုလုပ်၍ သီးသန့် ထွက်ခွာ နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment