Pages

Wednesday, August 20, 2014

နယ်မြေလုံခြုံရေး အခြေအနေကြောင့် ကျေးရွာ ပြောင်းရွှေ့နေထိုင်သော ဒေသခံပြည်သူ များအား စားသောက်ဖွယ်ရာများ ထောက်ပံ့


နေပြည်တော် ၊ ၂၀-၈-၂၀၁၄

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ စဘော်မှော် ကျေးရွာ မှ အိမ်ထောင်စု ၉၁ စု ၊ လူဦးရေ ၃၁၈ ဦးသည် နယ်မြေ လုံခြုံရေး အခြေအနေ ကြောင့် သြဂုတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့ များတွင် ဆိုင်းဖရာ ကျေးရွာရှိ ဘုရားရှိခိုး ကျောင်းများသို့ ပြောင်းရွှေ့ နေထိုင်လျက် ရှိရာ အဆိုပါ စဘော်မှော် ကျေးရွာမှ ရွာသူ ရွာသား များအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မှ တာဝန်ရှိ သူများ ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နှင့် မြို့နယ် ဌာနဆိုင်ရာ များမှ တာဝန်ရှိ သူများက သြဂုတ်လ ၁၃ ရက် နံနက်ပိုင်းတွင် သွားရောက် တွေ့ဆုံ အားပေးစကား ပြောကြား ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မှ ထောက်ပံ့သော ဆန်အိတ် ၅၀ နှင့် ဆီ ပိဿာ ၃၀ တို့ကို ပေးအပ်ခဲ့သည်။

ထို့နောက် စဘော်မှော် ကျေးရွာ မှ ဆိုင်းဖရာ ကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်လျက် ရှိသော ရွာသူ ရွာသား များအား ပြန်လည် ပြောင်းရွှေ့ နေထိုင်နိုင်ရေး အတွက် ကျေးရွာ များမှ ရပ်မိ ရပ်ဖိများ နှင့် ပေါင်းစပ် ညှိနှိုင်း ပေးခြင်း နှင့် ရွှေ့ပြောင်း ရာတွင် ယာဉ်များ သွားလာ နိုင်ရေး အတွက် ဆိုင်းဖရာ - စဘော်မှော် ကျေးရွာသွား လမ်းရှိ တံတားအား ပြန်လည် ပြုပြင်ပေးခြင်း များ ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment