Pages

Monday, August 11, 2014

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆေးတက္ကသိုလ် အောင်မြင်ပြီးသူ အားလုံးကို ၂၀၁၅ ခုနှစ်တွင် အလုပ်ခန့်ထား နိုင်ရန် ဆောင်ရွက် သွားမည်



ရန်ကုန် ၊ ၁၁-၈-၂၀၁၄

မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆေးတက္ကသိုလ် အောင်မြင်ပြီးသူ အားလုံးကို ၂၀၁၅ ခုနှစ်တွင် အလုပ်ခန့်ထား နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာန ၊ ကျန်းမာရေး ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ စီစဉ်မှုတွင် မြန်မာနိုင်ငံ အတွင်း တိုးပွားလာသော လူဦးရေ နှင့် အချိုး ညီမျှစွာ ဆရာဝန် ဦးရေ မွေးထုတ် နိုင်ရန် ဖြစ်ပြီး နိုင်ငံတော် အစိုးရ အနေဖြင့် ကျန်းမာရေး ၀န်ထမ်းများ ရွေးချယ် ခန့်အပ် ထားခြင်းနှင့် ပတ်သက်၍ ဖြေလျှော့မှုများ ပြုလုပ်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။ ထို့ကြောင့် ဆေးတက္ကသိုလ် ဖွင့်လှစ် နိုင်ခြင်း မရှိသေးသော ဒေသများ တွင်လည်း ဆေးတက္ကသိုလ် များ ဖွင့်လှစ်ရန် လုပ်ဆောင်လျက် ရှိပြီး ရရှိထားသော ဘတ်ဂျက်ပေါ် မူတည်၍ စီစဉ် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဆေးတ္ကသိုလ် များကို ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ၌ တည်ဆောက်လျက် ရှိနေပြီး အလားတူ မွန်ပြည်နယ် မော်လမြိုင်မြို့ နှင့် မကွေးတိုင်း ဒေသကြီး တို့တွင်လည်း တည်ဆောက်ရန် စီစဉ် ထားကြောင်း သိရသည်။ ထို့အပြင် ၂၀၁၂ - ၂၀၁၃ ပညာသင်နှစ် မှစ၍ တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ် ၀င်ခွင့် ကျောင်းသား ဦးရေကို ယခင်နှစ် ကထက် ထက်ဝက်နီးပါး လျှော့ချခဲ့ပြီး ဆေးတက္ကသိုလ် အောင်မြင် သူများကိုလည်း ယခင်ကဲ့သို့ သတ်မှတ် ထားခြင်းမျိုး မရှိတော့ဘဲ " ဆမ " လက်မှတ်များ ထုတ်ပေး ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ဆရာဝန်များ မွေးထုတ် ပေးရာတွင် ယခင် အလုပ်ခန့်ထားမှု နည်းပါးသည့် အတွက် ဒေသ အများစုတွင် ဆရာဝန် လိုအပ်ချက် များ ရှိခဲ့ကြောင်း ၊ ယင်းအတွက် ဆရာဝန် များကို အလုပ် ခန့်အပ်နိုင်ရန် ဆောင်ရွက် ခဲ့ရာ ၂၀၁၂ ခုနှစ်တွင် ဆရာဝန် ဥိးရေ ၅၀၀ မှ ၂၀၁၃ ခုနှစ်တွင် ဆရာဝန် ဥိးရေ ၁၅၀၀ အထိ ၃ ဆတိုးမြှင့် ခန့်အပ် နိုင်ခဲ့သည်။ 

မြန်မာနိုင်ငံ အတွင်းရှိ ဆေးတက္ကသိုလ် အောင်မြင် ပြီးသူများသည် ရပ်ဝေး ဒေသများတွင် တာဝန် ထမ်းဆောင် လိုမှု နည်းပါးသည့် အတွက် အချို့ ဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အ၀ ပေးနိုင်မှု မရှိကြောင်း သိရှိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment