Pages

Friday, August 29, 2014

နိုင်ငံတော်အဆင့် ဘက်စုံပညာ ထူးချွန်ကျောင်းသား လူငယ်အဖွဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နှင့် တောင်ကိုရီးယား နိုင်ငံများသို့ လေ့လာရေးခရီး ထွက်ခွာ


ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး 
နိုင်ငံတော်အဆင့် ဘက်စုံ ပညာထူးချွန်ကျောင်းသားလူငယ်အဖွဲ့နှင့်အတူ 
အမှတ်တရဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၂၉-၈-၂၀၁၄

မျိုးဆက်သစ် ထူးချွန် လူငယ် မောင်မယ် များအား နိုင်ငံတကာ ဗဟုသုတ တိုးပွားစေရန်၊ နိုင်ငံတကာ ယဉ်ကျေးမှု နှင့် အသိပညာ များအား အတုယူ လေ့လာနိုင် စေရန်အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၏ လမ်းညွှန်မှုဖြင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စစ်ရေးချုပ်ရုံး မှ ဗိုလ်မှူးကြီး အောင်ဆန်းထွန်း ဦးဆောင်သော ထူးချွန် ကျောင်းသား လူငယ်အဖွဲ့ သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နှင့် တောင်ကိုရီးယား နိုင်ငံများသို့ လေ့လာရေး ခရီးသွား ရောက်ရန် သြဂုတ် ၂၇ ရက် ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာ ကြသည်။

အဆိုပါ လေ့လာရေး အဖွဲ့အား ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ရန်ကုန်တပ်နယ် မှ တပ်မတော် အရာရှိကြီးများ၊ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် မှ တာဝန်ရှိ သူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ရင်းရင်းနှီးနှီး လိုက်လံ အားပေးပြီး ပို့ဆောင် နှုတ်ဆက် ကြသည်။

ထူးချွန် ကျောင်းသား လူငယ် လေ့လာရေး အဖွဲ့တွင် ၂ဝ၁၃ - ၂ဝ၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီး နိုင်ငံတော် အဆင့် ဘက်စုံပညာ ထူးချွန်လူငယ် အဖြစ် ရွေးချယ်ခံ ရသည့် စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်း မိသားစုဝင် သား၊ သမီးများ ဖြစ်သော ကျောင်းသား၊ ကျောင်းသူ ၁၃ဦး၊ ၂ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သော စစ်သည် တစ်ဦး၊ ကျောင်းအုပ်ကြီး/ ကျောင်း အုပ်ချုပ်မှု တာဝန်ခ အရာရှိ နှစ်ဦး၊ စစ်သူနာပြု အရာရှိ တစ်ဦး၊ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်မှ အငြိမ်းစား အရာရှိ တစ်ဦး အပါ အဝင် စုစုပေါင်း ၁၉ ဦးတို့ လိုက်ပါ သွားကြသည်။

ထူးချွန် ကျောင်းသားလူငယ်လေ့လာရေး အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နှင့် တောင်ကိုရီးယား နိုင်ငံများရှိ အထင်ကရ မြို့ကြီးများ၊ တက္ကသိုလ်များ၊ စာတမ်း ဖတ်ပွဲများ၊ ဆွေးနွေးပွဲများ၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ရှုခင်းများ၊ ရိုးရာဝတ်စုံ ထုတ်လုပ်သည့် နေရာများ၊ ဘုရားကျောင်းများ၊ ယဉ်ကျေးမှု အမွေအနှစ် နေရာများ၊ အမျိုးသား ပြတိုက်များ၊ အရှေ့ တိုင်းရင်းဆေး ဌာနများ၊ နာမည်ကြီး ကုမ္ပဏီကြီး များ၏ ပစ္စည်း ထုတ်လုပ်သည့် နေရာများအား သြဂုတ် ၂၈ ရက် မှ စက်တင်ဘာ ၃ ရက်အထိ လေ့လာကြမည် ဖြစ်ကြောင်း သိရှိရသည်။

#Yadanarpondaily

No comments:

Post a Comment