Pages

Thursday, August 28, 2014

ရင်ထဲက အဘိဓမ္မာစကား နှင့် သုံးလွန်းတင် သံယောဇဉ်


ရင်ထဲက အဘိဓမ္မာစကား နှင့် သုံးလွန်းတင် သံယောဇဉ်

ပြည်သူများ၏ ဆန္ဒဖြစ်သည့် တည်ငြိမ် အေးချမ်းမှု နှင့် ဖွံ့ဖြိုး တိုးတက်မှုကို ဖြည့်ဆည်း ပေးရန် နိုင်ငံတော် အစိုးရက ကြိုးပမ်း ဖော်ဆောင်လျက် ရှိရာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော သမ္မတ ဦးသိန်းစိန် သည် UWSA ''ဝ''အဖွဲ့၊ SSA (ဝမ်ဟိုင်း) အဖွဲ့နှင့် NDAA (မိုင်းလား) အဖွဲ့တို့မှ တိုင်းရင်းသား ကိုယ်စားလှယ် အဖွဲ့များအား သြဂုတ် ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ တောင်သူ ပညာပေး စက်မှုလယ်ယာ စံပြ စိုက်ခင်းဧက ၅ဝဝ ရှိ အဆင့်မြင့် သစ်သီးဝလံ အအေးခန်း နှင့် ထုပ်ပိုးစက်ရုံ ၌တွေ့ဆုံ၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ စာချုပ် လက်မှတ် ရေးထိုးနိုင်ရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆောင်ရွက်မည့် အလားအလာ များနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

ဤ ဆွေးနွေးပွဲသို့ နိုင်ငံတော် သမ္မတ ကိုယ်တိုင် တက်ရောက် လာခြင်းသည် နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား ပြည်သူတို့၏ ကိုယ်စား တက်ရောက် ဆွေးနွေးခြင်းကို ထင်ရှားစွာ တွေ့ရသည်။ ဆွေးနွေးပွဲ အစီအစဉ်အရ တိုင်းရင်းသား ခေါင်းဆောင် များက မိမိတို့ သဘောထား အမြင်ကို ဦးစွာ ပြောကြား ကြပြီး နိုင်ငံတော် သမ္မတ က မိမိ သဘောထား နှင့်အမြင်ကို ပြောကြား ခဲ့သည်မှာ ထူးခြားသော သာဓက အဖြစ် တွေ့ရသည်။

တိုင်းရင်းသား ခေါင်းဆောင် များက နိုင်ငံတော် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးကို ထိန်းသိမ်း စောင့်ရှောက် သွားပြီး ဒို့တာဝန် အရေးသုံးပါးကို လိုက်နာ စောင့်ထိန်းကာ ငြိမ်းချမ်းရေး ရရှိရန် အတွက် ဆွေးနွေး ညှိနှိုင်း ဖြေရှင်းသည့် နည်းလမ်း ကိုသာ ကျင့်သုံးရန် သန္နိဋ္ဌာန် ချမှတ် ထားကြောင်း ထပ်လောင်း ကတိပြု ပြောကြား ခဲ့ကြသည်။

နိုင်ငံတော် သမ္မတ ကလည်း မိမိတို့သည် တစ်မြေတည်းနေ တစ်ရေတည်း သောက်ပြီး တိုင်းပြည် တစ်ခု အတွင်းတွင် မွေးဖွားကြီးပြင်း ခဲ့ကြ သူများ ဖြစ်သည့် အတွက် နိုင်ငံချစ်စိတ်၊ ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ် ထားသည့် စိတ်များ တူညီ ကြကြောင်း၊ ယနေ့ ပြည်သူများ၏ ဆန္ဒဖြစ်သည့် တည်ငြိမ် အေးချမ်းမှု နှင့် ဖွံ့ဖြိုး တိုးတက်မှု ဆိုသည့် အချက် နှစ်ရပ်ကို ဖြည့်ဆည်း ပေးရန် မိမိတို့ အားလုံးတွင် တာဝန် ရှိကြောင်း၊ မိမိတို့၏ ပြဿနာ များကို တွေ့ဆုံ ညှိနှိုင်းသည့် နည်းလမ်း ဖြင့်သာ အဖြေရှာ ရမည် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးမှုများ စတင်သည် နှင့် တစ်ပြိုင်နက် ပညာရေး၊ ကျန်းမာရေး၊ ပြန်လည် ထူထောင်ရေး စသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ကိုလည်း လုပ်ဆောင် ရမည် ဖြစ်ကြောင်း၊ တပ်မတော် သည်လည်း ပြည်ထောင်စု အစိုးရ၏ မူဝါဒ အတိုင်း ငြိမ်းချမ်းရေးကို မဖြစ်မနေ အကောင် အထည်ဖော်ရန် ဆုံးဖြတ် ထားပြီး ဖြစ်ကြောင်း၊ မိမိတို့ အားလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို ယုံယုံ ကြည်ကြည်ဖြင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ် ကြောင်းဖြင့် ပြောကြား ခဲ့သည်။

နိုင်ငံတော် သမ္မတ နှင့် တိုင်းရင်းသား ခေါင်းဆောင် များသည် တည်ငြိမ် အေးချမ်းမှု နှင့် ဖွံ့ဖြိုး တိုးတက်မှု ဆက်စပ် နေသည်ကို ပြီးခဲ့သည့် ၂၅ နှစ်တာ ကာလအတွင်း ''ဝ'' အထူးဒေသ နှင့် မိုင်းလား အထူးဒေသ တို့၏ ဖွံ့ဖြိုး တိုးတက်မှု အခြေအနေ များ၏ ပကတိ အရှိတရားကို အခြေခံလျက် အမှန်တရားကို ဖွင့်ဟ ဆွေးနွေး ခဲ့ကြခြင်း မှာ ပြည်ထောင်စု မြန်မာ နိုင်ငံသားတိုင်း အသက်ထက်ဆုံး စောင့်ထိန်း လိုက်ရမည့် သုံးလွန်းတင် သံယောဇဉ်ဖြင့် ပိုမိုခိုင်မြဲစွာ ရစ်ပတ် ဖွဲ့နှောင် ကြရေးပင် ဖြစ်ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment