Pages

Thursday, August 28, 2014

နေရောင်ခြည်ကြောင့် အသားအရေ ညိုမည်းခြင်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ


နေရောင်ခြည်ကြောင့် အသားအရေ ညိုမည်းခြင်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ

အိအိမြတ်

နေရောင်ခြည် အောက်တွင် အလုပ်လုပ် နေရသူများ၊ ခရီးသွားခြင်း၊ ကမ်းခြေ အပန်းဖြေ ခရီးသွားခြင်း၊ အကာအကွယ်မဲ့ နေရောင်ခြည် အောက်သို့ ထွက်သော သူများသည် အသားအရေ ညိုမည်းခြင်းများ ဖြစ်ပေါ်စေတတ် ပါသည်။ နေပူထဲ ထွက်ခြင်းကြောင့် ဖြစ်ပေါ် တတ်သည့် အသားအရေ ညိုမည်းခြင်း များကို သဘာဝ နည်းများဖြင့် ပင်ကို အသားအရေ ပြန်လည် ရရှိအောင် လုပ်ဆောင် နိုင်ကြောင်း ယခုလို ဖော်ပြ ပေးလိုက် ပါသည်။

သခွားသီးအရည်

သခွားသီး အရည်သည် အသားအရေကို ကြည်လင် တောက်ပ စေပြီး အေးမြမှုကို ရရှိစေ ပါသည်။ သခွားသီး အရည်ကို နှင်းဆီပွင့် ဖတ်ရည်၊ သံပရိုသီး အရည်များ နှင့်အတူ နေရောင်ခြည် ကြောင့် ထိခိုက် ပျက်စီး သွားသည့် အရေပြား ပေါ်တွင် လိမ်း၍ ၁၅ မိနစ်ခန့် ထားပြီးမှ ရေဆေး သန့်စင် ပေးခြင်းဖြင့် အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး အသားအရေ ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်း ပေးနိုင်ရုံ သာမက သခွားသီးကို ပါးပါးလှီးပြီး မျက်နှာပေါ်တွင် ကပ်ပေးခြင်း ဖြင့်လည်း အစိုဓာတ်ကို ထိန်းသိမ်း ပေးနိုင် ပါသည်။ 

သံပရိုသီး

သံပရိုသီး အရည်ကို အသုံးပြုပြီး မျက်နှာ နှင့် ခန္ဓာကိုယ်၌ ရှိသော နေရောင်ခြည် ကြောင့် ဖြစ်ပွားသည့် အညိုအမည်း များကို ဖယ်ရှား နိုင်ပါသည်။ သံပရိုသီး အရည်ကို အညို အမည်း ရှိရာ အရေပြား ပေါ်သို့ တိုက်ရိုက် လိမ်းနိုင်သလို ပျားရည်နှင့် ရောပြီးလည်း လိမ်းပေးနိုင် ပါသည်။ လိမ်းပေးပြီး ၁၅ မိနစ် ထားပြီးမှ မျက်နှာသစ်ပါ။




အာလူး

အာလူးက အရောင်ပြယ် စေသည့် အာနိသင် ရှိသဖြင့် နေရောင်ခြည် ကြောင့် အရေပြား ပေါ်တွင် ဖြစ်တတ်သော အညိုအမည်း ကွက်များကို ဖယ်ရှားပေး နိုင်ပါသည်။ အာလူး ကို အခွံနွာပြီး ကြိတ်ချေကာ နှင်းဆီပွင့်ဖတ် ရည်ဖြင့် ရောပါ။ အသား ခြောက်သွေ့သူ ဖြစ်ပါက ပျားရည် အနည်းငယ် ရောထည့်၍ မျက်နှာအနှံ့ လိမ်းပြီး မျက်နှာသစ်ပါ။


ရှားစောင်းလက်ပပ်

ရှားစောင်း လက်ပပ် သည် အသားအရေ ကို အေးမြစေပြီး နူးညံ့မှုကို ရရှိစေသည့် အပြင် အရေပြား ပေါ်မှ နေလောင်ကွက် များကိုလည်း ဖယ်ရှား ပေးနိုင် ပါသည်။ ရှားစောင်း လက်ပပ် အတွင်းသား ဂျယ်လီကို နနွင်းအနည်း ငယ်ရောပြီး နှင်းဆီပွင့် ဖတ်ရည် ထည့်ပေါင်းကာ မျက်နှာနှင့် လည်ပင်း တစ်ဝိုက်တွင် ၁၅ မိနစ်ခန့် ပွတ်လိမ်း ထားပြီးမှ မျက်နှာ သန့်စင်ပါ။

#Themyawadydaily

No comments:

Post a Comment