Pages

Monday, July 28, 2014

ကမ္ဘာကျော် မင်းကွန်း ပုထိုးတော်ကြီး ပေါ်သို့ တက်ရောက်ခြင်း မပြုရန် မေတ္တာရပ်ခံ ထားသော်လည်း တက်ရောက် လေ့လာသူများ ရှိနေဆဲဖြစ်



စစ်ကိုင်း ၊ ၂၈-၇-၂၀၁၄

မင်းကွန်း ရှေးဟောင်း ယဉ်ကျေးမှု ဒေသရှိ ကမ္ဘာကျော် မင်းကွန်း ပုထိုးတော်ကြီး ပေါ်သို့တက်ရောက် ကြည့်ရှုခြင်း မပြုကြရန် ရှေးဟောင်း သုတေသန ဌာနမှသတိပေး မေတ္တာရပ်ခံ ထားသော်လည်း ပုထိုးတော်ကြီး ပေါ်သို့ တက်ရောက်မှုများ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။ ယခင်က နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ နှင့် ပြည်တွင်း ဘုရားဖူး လာရောက်သူ များကို ပုထိုးတော်ကြီး ပေါ်သို့ တက်ရောက် လေ့လာခွင့် ပြုထားခဲ့သည်။

ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည် များသည် ပုထိုးတော်ကြီး ပေါ်သို့ တက်ရောက်ကာ ပတ်ဝန်းကျင်ရှိ ရှုမျှော်ခင်း များကို ကြည့်ရှုခံစားလေ့ ရှိကြသည်။ ပြည်တွင်း ဘုရားဖူး အများစုသည် ပုထိုးတော် ကြီးပေါ်သို့ တက်ရောက်ကာ အဓိဋ္ဌာန်ပြု အုတ်ခဲဆင့်ခြင်း၊ တုတ်ထောက် အဓိဋ္ဌာန် ပြုခြင်းများကို ဆောင်ရွက်လေ့ ရှိကြကြောင်း သိရသည်။

ပုထိုးတော်ကြီး ပေါ်သို့ တက်ရောက် လေ့လာသူ များပြား ခြင်းကြောင့် မင်းကွန်း လေးဌာန ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ဆရာတော်ကြီး များက ၂ဝဝ၈ ခုနှစ်၊ မေလပိုင်းတွင် အုတ်လှေခါးထစ် များနှင့် စတီးလက်ရမ်း များကို တပ်ဆင် ခဲ့သည်။  ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် အင်အား ပြင်းထန်စွာ လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ် ကြီးကြောင့် မင်းကွန်း ပုထိုးတော်ကြီးမှာ ထိခိုက် ပျက်စီးမှုအချို့ ဖြစ်ပေါ်ခဲ့သဖြင့် ခရီးသွား ဧည့်သည်များ အသက် အန္တရာယ် ထိခိုက်မှု မရှိစေရန် ပုထိုးတော်ကြီး ပေါ်သို့ တက်ရောက် ဖူးမြော် ကြည်ညိုခြင်း မပြုကြရန် ရှေးဟောင်း သုတေသန ဌာနမှ သတိပေး ဆိုင်းဘုတ်များ စိုက်ထူကာ သတိပေး မေတ္တာရပ်ခံ ခဲ့ကြောင်း သိရသည်။
(၁၇ဝ)

#Yadanarpondaily

No comments:

Post a Comment