Pages

Monday, July 7, 2014

မန္တလေးမြို့ ၌ ဖြစ်ပွားသည့်ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ ၁၆ ဦးကို အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး ကျန် ခုနစ်မှုမှ ပြစ်မှုကျူးလွန်သူ များအား စုံစမ်းဆဲဖြစ် ပုဒ်မ ၁၄၄ အမိန့် လိုက်နာမှု မရှိသူများကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူ


မန္တလေး ၊ ၇-၇-၂၀၁၄

မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူ များကို ဥပဒေအရ အမှုဖွင့် အရေးယူ နိုင်ရေး ဆောင်ရွက်လျက် ရှိရာ ဇူလိုင်၂ ရက်မှ ၅ ရက်အထိ စုစုပေါင်း အမှု ၁၅ မှု ရှိကြောင်း၊ ယင်းတို့အနက် လူသတ်မှု နှစ်မှု ၊ နာကျင်စေမှု သုံးမှု ၊ မီးရှို့မှု တစ်မှု ၊ ပြစ်မှုပုဒ်မ ၃၂၄/ ၁၁၄ တစ်မှု တို့မှာ တရားခံ စုံစမ်းဆဲ ဖြစ်ပြီး ကျန် အခြားအမှု သုံးမှု၊ လက်နက်ပုဒ်မ ၁၉(က)နှစ်မှု၊ ရဲအက်ပုဒ်မ ၃၅ ဃ သုံးမှု တို့မှ ပြစ်မှု ကျူးလွန်သူ ၁၆ ဦးတို့ကို ဖမ်းဆီး၍ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

ထို့ပြင် ဇူလိုင်လ ၃ ရက်တွင် မန္တလေးမြို့ ၌ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသော်လည်း လိုက်နာမှု မရှိသူ များအား အရေးယူ ခဲ့ရာ ဇူလိုင်လ ၃ ရက်တွင် အောင်မြေသာစံ မြို့နယ် ၊ ချမ်းအေးသာစံ မြို့နယ် ၊ မဟာအောင်မြေ မြို့နယ် ၊ ချမ်းမြသာစည် မြို့နယ် ၊ ပြည်ကြီးတံခွန် မြို့နယ် နှင့် အမရပူရ မြို့နယ် တို့မှ တွေ့ရှိသူ ၁၄၅ ဦးအား ပညာပေး ကိုယ်တိုင် ၀န်ခံချက် ဖြင့် ပြန်လည် စေလွှတ်ခဲ့ပြီး ဇူလိုင်လ ၄ ရက်တွင် မန္တလေး ခရိုင်အတွင်း ရှိ မြို့နယ် ၇ မြို့နယ်မှ လူဦးရေ ၁၀၀ ၊ ဇူလိုင်လ ၅ ရက်တွင် ၁၀၁ ဦး တို့အား ပုဒ်မ ၁၈၈ ဖြင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရှိရသည်။ 

#Yadanarpondaily

No comments:

Post a Comment