Pages

Wednesday, July 9, 2014

၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အာဆီယံ ခရီးသွားလုပ်ငန်းဆိုင်ရာ ဖိုရမ်၌ မြန်မာ့ရှေးဟောင်း မြို့တော်များအား မိတ်ဆက် တင်ပြသွားမည်


တူးဖော်တွေ့ရှိထားသည့် မြို့ဟောင်းတစ်နေရာ

ရန်ကုန် ၊ ၉-၇-၂၀၁၄

လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အာဆီယံ ခရီးသွားလုပ်ငန်း ဆိုင်ရာ ဖိုရမ်၌ ကမ္ဘာ့ အမွေအနှစ် သမိုင်းဝင် နေရာများ ဖြစ်သည့် မြန်မာ့ ရှေးဟောင်း မြို့တော်များကို မိတ်ဆက် တင်ပြ သွားမည် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီး သွားလာရေး ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ မိတ်ဆက် တင်ပြသွားမည့် မြို့ဟောင်း များမှာ သရေခေတ္တရာ ၊ ဗိဿနိုး နှင့် ဟန်လင်း အစရှိသည့် မြို့တို့ဖြစ်ပြီး နိုင်ငံတကာ ခရီးသွားများ လာရောက်မှု တိုးတက် စေရေး အတွက် ရည်ရွယ် လုပ်ဆောင် သွားမည် ဖြစ်သည်။ ထို့အပြင် မြန်မာ့ ခရီးသွား လုပ်ငန်း အေဂျင်စီ များကလည်း လာမည့် ခရီးသွား ရာသီအမီ ခရီးစဉ်များ တိုးချဲ့ရန်လည်း စီစဉ် ထားရှိကြောင်း ၊ လာမည့် ခရီးသွား ရာသီအတွင်း နိုင်ငံခြား ခရီးသွား ဧည့်သည်များ စိတ်ဝင်စားမှု မြင့်တက် လာဖွယ်ရှိသော ကြောင့် မိတ်ဆက် တင်ပြ သွားရမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့ သဘာဝ ဘေးမဲ့တော များသို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည် သွားရောက်မှု နှင့် စိတ်ဝင်စားမှု မြင့်တက် ခဲ့ပြီး အများစုမှာ ခါကာဘိုရာဇီ ၊ ဖုန်ကန်ရာဇီ ၊ နတ်မတောင် ၊ ပုပ္ပားတောင် ၊ လောကနန္ဒာ ၊ မိန်းမလှကျွန်း ၊ ကျိုက်ထီးရိုး ၊ ပန်းလောင် ၊ ပြဒါးလင်းဂူ ၊ ချပ်သင်း နှင့် အင်းလေးကန် တို့ကို သွားရောက်မှု များကြောင်း သိရသည်။

ထို့အပြင် နောက်ပိုင်း ကာလများ အတွင်း ပုဂံ ယဉ်ကျေးမှု ဒေသအပြင် အခြား ရှေးဟောင်း မြို့တော် များကိုပါ စိတ်ဝင်စားမှု မြင့်တက် လာအောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ အမွေအနှစ် သမိုင်းဝင် နေရာများ ဖြစ်သည့် သရေခေတ္တရာ ၊ ဗိဿနိုး နှင့် ဟန်လင်း စသည့် ပျူမြို့ဟောင်း သုံးမြို့နှင့် ဆက်စပ်သော ပဲခူးတိုင်း ဒေသကြီး အနောက်ခြမ်း ရှိ ပြည်မြို့ ၊ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ရွှေဘိုမြို့ နှင့် မကွေးတိုင်း ဒေသကြီးရှိ မကွေးမြို့ တို့၌ နိုင်ငံတကာ ခရီးသွားများ လာရောက်နိုင်ရန် ဟိုတယ် လိုအပ်ချက်များ ရှိနေသေးကြောင်း သိရှိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment