Pages

Thursday, July 10, 2014

ဖုန်းငွေဖြည့်ကတ်များ ထုတ်လုပ် ရောင်းချခွင့်ရသော နောက်ထပ် ကုမ္ပဏီလေးခုမှ ကြိုတင်ငွေဖြည့်ကတ်များ စတင်ရောင်းချ



ရန်ကုန် ၊ ၁၀-၇-၂၀၁၄

ပြည်တွင်း၌ အသုံးပြု နေသော GSM, WCDMA, CDMA 800 MHz စသည့် မိုဘိုင်းလ်ဖုန်း များအတွက် ကြိုတင် ငွေဖြည့်ကတ်များ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ နောက်ထပ် ကုမ္ပဏီ ၄ ခုကို လုပ်ကိုင်ခွင့်များ ပေးအပ်ခဲ့ရာ ယခုအခါ အဆိုပါ ကုမ္ပဏီများသည် ၄င်းတို့ ထုတ်လုပ်သော ဖုန်းငွေဖြည့်ကတ် များကို ဈေးကွက် အတွင်းသို့ စတင် ဖြန့်ဖြူး ရောင်းချ နေပြီ ဖြစ်ကြောင်း သိရသည်။

ယခင်က မိုဘိုင်းလ်ဖုန်း ကြိုတင် ငွေဖြည့်ကတ် များကို မြန်မာ့ ဆက်သွယ်ရေး ၊ ရတနာပုံ ၊ E-Lite Tech နှင့် Asia Mega Link အစရှိသည် တို့မှ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခဲ့ခြင်း ဖြစ်ပြီး ယခုမှ စတင်ကာ လုပ်ကိုင်ခွင့် ရရှိသော နောက်ထပ် ကုမ္ပဏီ ၄ ခုမှာ Myanmar Padauk , ABC, Fortune International နှင့် Amara Communication တို့ ဖြစ်ကြသည်။

အဆိုပါ ကုမ္ပဏီ အသစ် ၄ ခုအနေဖြင့် ၄င်းတို့ ထုတ်လုပ် ရောင်းချသော ဖုန်းကြိုတင် ငွေဖြည့်ကတ် များကို မြန်မာနိုင်ငံ အနှံ့တွင် အလွယ်တကူ ၀ယ်ယူ အသုံးပြုနိုင် စေရန် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ဖြန့်ဖြူး ပေးသွားရန် စီစဉ် ထားကြောင်း သိရသည်။ ထုတ်လုပ် ရောင်းချ ပေးလျက်ရှိသော ငွေဖြည့်ကတ်များ တန်ဖိုးမှာ လက်ရှိ ကတ်များ၏ နှုန်းထားအတိုင်း ငွေကျပ် ငါးထောင်တန်ကတ် နှင့် ငွေကျပ် တစ်သောင်းတန် ကတ် စသည်တို့ ဖြစ်ကြပြီး ငွေဖြည့်ကတ်များ ပေါ်တွင် သက်ဆိုင်ရာ ကတ် ထုတ်လုပ်သော ကုမ္ပဏီ အမှတ်တံဆိပ်များ ရိုက်နှိပ် ထားကြောင်း သိရှိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment