Pages

Thursday, July 17, 2014

လက်တွေ့အသုံးချ အခြေခံ ကျောက်မျက်ပညာသင်တန်း ဖွင့်မည်


ရန်ကုန် ၊ ၁၇-၇-၂၀၁၄

မြန်မာ့ကျောက်မျက် လုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရန် ကျောက်မျက် ရတနာ အရောင်းဆိုင် ဖွင့်လှစ် လိုသူများ ၊ ကျောက်မျက် ရတနာ လုပ်ငန်းဖြင့် ကုန်သည် ပွဲစား လုပ်လို သူများနှင့် ဘူမိဗေဒ ကျောင်းသား ကျောင်းသူများ အတွက် စာတွေ့ ၊ လက်တွေ့ ကျောက်မျက် ပညာကို သိရှိ လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ မြန်မာ့ ကျောက်မျက်ပညာ သိပ္ပံ ( MGI ) မှကြီးမှူး၍ Certificate in Applied Gemoligy ( Specialized in Diamond , Jade , Ruby and Sapphire ) လက်တွေ့ အသုံးချ ကျောက်မျက် ပညာသင်တန်း ( အခြေခံ ) ကို လာမည့် သြဂုတ်လ ၂ ရက်မှ ၈ ရက်အထိ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ကျောက်မျက် ရတနာ အရောင်းဆိုင် အတွက် နေရာကောင်း ရွေးချယ်ခြင်း ၊ ကျောက်မျက် ရတနာပြပွဲ ( အင်ပိုရီယမ် ) ၌ ၀ယ် ၊ ရောင်းနည်း ၊ မိုးကုတ် ၊ မိုင်းရှူး ၊ မန္တလေး ၊ ရွှေလီ ကျောက်ဝိုင်း များတွင် ၀ယ်ယူ ရောင်းချနည်း နှင့် ကျောက်မျက် အတု ၊ အစစ် ခွဲခြားနည်း ၊ စိန်၏ သဘာဝ ဂုဏ်အင်္ဂါရပ်များ ၊ စိန်၏ အလင်းဆိုင်ရာ ဂုဏ်သတ္တိများ ၊ စိန် စစ် မစစ် လက်တွေ့ စမ်းသပ်ခြင်းများ ၊ စိန်ပွင့် ပုံစံများ ၊ စိန်ကွက် သွေးခြင်း ၊ အရောင် ၊ သန့်စင်မှု ၊ သွေးပုံ နှင့် အလေးချိန် များကို ကြည့်၍ စိန်ကဲဖြတ်ခြင်း ၊ စိန်ပွင့်များ ပြန်လည် ပြုပြင်ခြင်း ၊ စိန်ရှာဖွေ တွေ့ရှိ နိုင်ပုံနှင့် တူးဖော် ထုတ်လုပ်ပုံများ ၊ စိန် ထွက်ရှိသော နိုင်ငံများ နှင့် နာမည်ကျော် စိန်များ အကြောင်း ၊ မိုးကုတ် ၊ မိုင်းရှူး ဒေသထွက် ပတ္တမြား နှင့် နီလာ စစ် မစစ် လက်တွေ့ စမ်းသပ်ခြင်း ၊ ကျောက်မျက်များ သွေးခြင်း ၊ လက်ဝတ် ရတနာ ပြုလုပ်ခြင်း ၊ ဈေးကွက် တင်ခြင်း ၊ နိုင်ငံတကာ သို့ တင်ပို့ ရောင်းချခြင်း စသည့် ဘာသာရပ် များကို ကျောက်မျက် ရတနာ လုပ်ငန်းတွင် လုပ်ကိုင် နေသော ကျောက်မျက် ပညာရှင် နှင့် လုပ်ငန်းရှင်များ ကိုယ်တိုင် လက်တွေ့ ပို့ချ သွားမည် ဖြစ်သည်။

သင်တန်း ပြီးဆုံးပါက ကျောက်စိမ်း ရတနာ လုပ်ငန်းကို အမှန်တကယ် လုပ်ကိုင်မည့် သူများကို လုပ်ငန်းခွင် အရောက် ကူညီ ဆောင်ရွက် ပေးမည် ဖြစ်သည်။ တန်းခွဲ တစ်ခုလျှင် လူဦးရေ ၃၀ ဦးသာ လက်ခံမည် ဖြစ်၍ အသေးစိတ် သိရှိ လိုပါက Myanmar Gemological Institute ( MGI ) အမှတ် ၁၃၃ ၊ ဒုတိယထပ် ၊ လမ်း ၃၀ (အလယ်) ၊ ရန်ကုန်မြို့ ၊ ဖုန်း ၀၁- ၂၅၄ ၈၈၉ ၊ ၀၉- ၇၃၀၅ ၀၃၇၀ ၊ e-Mail ; mgi.myanmar@gmail.com တို့သို့ ဆက်သွယ် နိုင်ကြောင်း သိရှိရသည်။ (၄၅၂)

#Themyawadydaily

No comments:

Post a Comment