Pages

Wednesday, June 25, 2014

ဂူအမ်ကျွန်း မှ ဟာဝိုင်အီကျွန်း သို့အဖွဲ့လိုက် သင်္ဘောရွက်လွှင့် မောင်းနှင်မှုတွင် စင်ကာပူရေတပ် ပါဝင်လေ့ကျင့်



စင်ကာပူ ၊ ၂၅-၆-၂၀၁၄

စင်ကာပူ ရေတပ်မှ S-70 B Seahawk ရေတပ် ရဟတ်ယာဉ် တစ်စင်း တင်ဆောင် လာသော Formidable အတန်းအစား RSS Intrepid ကိုယ်ပျောက် ဖရီးဂိတ် သင်္ဘောတစ်စီး သည် ဇွန်လ ၁၄ ရက်မှ ၂၄ ရက်အထိ
ဂူအမ်ကျွန်း မှ ဟာဝိုင်အီကျွန်း သို့ အဖွဲ့လိုက် သင်္ဘော ရွက်လွှင့် မောင်းနှင်မှု တွင် ပါဝင် လေ့ကျင့် ခဲ့ကြောင်း Xinhua သတင်းတစ်ရပ် အရ သိရသည်။ 

ထို့အပြင် ဘရူနိုင်း၊ တရုတ်နှင့် အမေရိကန် ရေတပ်တို့မှ စစ်သင်္ဘော ၈ စီးတို့လည်း အဆိုပါ ရွက်လွှင့် မောင်းနှင်မှု တွင် ပါဝင် လေ့ကျင့် ခဲ့ကြောင်း သိရသည်။ ရွက်လွှင့် မောင်းနှင်မှု ပြုလုပ်စဉ် အမြောက် ပစ်ခတ်မှုများ နှင့် လှုပ်ရှား စစ်ကစားမှု လေ့ကျင့်ခန်း များကဲ့သို့သော ရေတပ်ဆိုင်ရာ စစ်ဆင်မှု များကို ဆက်တိုက် ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်္ဘောများ သည် ဟာဝိုင်အီကျွန်း ကမ်းလွန်၌ ဇွန်လ ၂၆ ရက်မှ သြဂုတ်လ ၁ ရက်အထိ အမေရိကန် နိုင်ငံက ဦးစီး ပြုလုပ်မည့် Rim of the Pacific ရေတပ် စစ်ရေး လေ့ကျင့်ခန်း တွင်လည်း ပူးပေါင်း ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ အဖွဲ့လိုက် ရွက်လွှင့် မောင်းနှင်မှုသည် စင်ကာပူ ရေတပ်အတွက် ဘရူနိုင်း၊ တရုတ်၊ အမေရိကန် နိုင်ငံ ရေတပ်တို့နှင့် လေ့ကျင့်ခန်းများ ပြုလုပ်ရန် အခွင့်အရေး တစ်ရပ် ဖြစ်စေပြီး ၄ နိုင်ငံ ရေတပ်ဖွဲ့များ အကြား အပြန်အလှန် ဆက်ဆံရေး ပိုမို တောင့်တင်း ခိုင်မာ စေခဲ့ကြောင်း နှင့် ပင်လယ်ပြင် တွင် အပြန်အလှန် အကျိုးပြုမှုများ ဆောင်ရွက် ရာ၌လည်း ရေတပ် အမျိုးမျိုးမှ တပ်ဖွဲ့ဝင်များ အကြား အပြန်အလှန် ယုံကြည်မှု နှင့် နားလည်မှု ပိုမို ခိုင်မာ စေနိုင်ကြောင်း RSS Intrepaid သင်္ဘော အကြီးအကဲ ရေတပ် ဒုတိယ ဗိုလ်မှူးကြီး Aaron Beng ကပြောကြားခဲ့ပါသည်။

#Themyawadydaily

No comments:

Post a Comment