Pages

Monday, June 9, 2014

ရန်ကုန်တိုင်းဒေသကြီး အတွင်း ကိုယ်ပိုင်အထက်တန်းကျောင်း ဖွင့်လှစ်ရန် လျှောက်ထားသော ကျောင်းပေါင်း ၈၉ ကျောင်းရှိ


ရန်ကုန် ၊ ၉-၆-၂၀၁၄

ယခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်း ပုဂ္ဂလိက ကိုယ်ပိုင် အထက်တန်းကျောင်း ဖွင့်လှစ်ရန် အတွက် လာရောက် လျှောက်ထားသည့် ကျောင်းပေါင်း ၈၉ ကျောင်း ရှိကြောင်း ပညာရေး ၀န်ကြီးဌာန ၊ အမှတ်(၃) အခြေခံ ပညာ ဦးစီးဌာန မှ သိရသည်။

မြန်မာနိုင်ငံ ၏ ပွင့်လင်း မြင်သာလာမှု နှင့် ပုဂ္ဂလိကကဏ္ဍ မြှင့်တင်ရန် လက်တွဲ ပူးပေါင်း ဆောင်ရွက်နေချိန် ဖြစ်သည့် အတွက် ပညာရေး ၀န်ကြီးဌာန အနေဖြင့် နိုင်ငံပိုင် အခြေခံပညာ ကျောင်းများနှင့် အထက်တန်း ကျောင်းများရှိ သကဲ့သို့ ပုဂ္ဂလိကပိုင်း ကိုလည်း တစ်ဖက်တစ်လမ်း မှ ပညာရေး အဆင့်မြင့် တက်လာရန် ကိုယ်ပိုင် အထက်တန်းကျောင်း များကို တရားဝင် မှတ်ပုံတင် ချထား လုပ်ကိုင်ခွင့်ပြု နေခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကိုယ်ပိုင် အထက်တန်းကျောင်း များ မှတ်ပုံတင် ချထား ပေးရာတွင် တရားဝင် လိုင်စင်မရှိဘဲ ဖွင့်လှစ် ထားသော ကျောင်းများ ရှိနေသဖြင့် ပုဂ္ဂလိက ကျောင်းနှင့်အညီ နိုင်ငံပိုင် ကျောင်းများထက် များစွာ တိုးတက် ကောင်းမွန် ရမည်ဖြစ်ပြီး သတ်မှတ် ထားသော စည်းကမ်းချက် များနှင့်အညီ ရှိ မရှိကို ကွင်းဆင်း ကြည့်ရှု ပြီးမှသာ ကျောင်း တည်ထောင်ခွင့် လိုင်စင် မှတ်ပုံတင် ချထား ပေးခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရန်ကုန်တိုင်း ဒေသကြီး အတွင်း ကိုယ်ပိုင် အထက်တန်းကျောင်း လိုင်စင် မထုတ်ရ သေးသော ကျောင်းပေါင်း ၄၀ ခန့်ရှိပြီး လိုင်စင် လျှောက်ထားသော ကျောင်းပေါင်း ၈၉ ကျောင်း ရှိကြောင်း သိရသည်။

မြတ်လေးငုံ

#Themyawadydaily

No comments:

Post a Comment