Pages

Friday, June 27, 2014

ဇူလိုင်လ ၁ ရက်မှစ၍ နိုင်ငံခြားသုံးငွေ လိုင်စင်ကြေးနှုန်းထားများ ပြင်ဆင် သတ်မှတ်မည်


ရန်ကုန် ၊ ၂၇-၆-၂၀၁၄

ဇူလိုင်လ ၁ ရက်မှစ၍ နိုင်ငံခြား သုံးငွေ လိုင်စင်များ အတွက် လိုင်စင်ကြေး နှုန်းထားများ ပြင်ဆင် သတ်မှတ် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ နိုင်ငံခြားသုံးငွေ လိုင်စင်ကြေး နှုန်းထားများ ပြင်ဆင် သတ်မှတ်ခြင်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ထုတ်ပြန်ချက် ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်း ထုတ်ပြန်မှုတွင် နိုင်ငံခြားသုံးငွေ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင် ( A/D ) သို့မဟုတ် နိုင်ငံခြား ငွေများ ၀ယ်ယူ ရောင်းချ လဲလှယ်ပေးခွင့် လိုင်စင် ( Money Changer M/C ) ကိုင်ဆောင် ထားသော နိုင်ငံပိုင် ဘဏ်များ ၊ ပုဂ္ဂလိကပိုင် ဘဏ်များ ၊ ဟိုတယ် နှင့် ဘဏ်မဟုတ်သော အဖွဲ့အစည်းများ အားလုံး အတွက် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း အဖွဲ့အစည်းများ အနေဖြင့် လိုင်စင်ဆိုင်ရာ ကနဦး လျှောက်ထားခြင်း ၊ သက်တမ်းတိုးခြင်း ၊ သက်တမ်းတိုး နောက်ကျ လျှောက်ထားခြင်း ၊ လုပ်ငန်း တိုးချဲ့ ဆောင်ရွက်ခြင်း များအတွက် ပြင်ဆင် သတ်မှတ် ခဲ့ခြင်းများ ဖြစ်သည်။ ထို့အပြင် ယခင် သက်တမ်းတိုး ကင်းလွတ်ခွင့် ရရှိထားသည့် ( M/C ) လိုင်စင် ရရှိ ကိုင်ဆောင်ထားသော ဘဏ် မဟုတ်သော ကုမ္ပဏီ အဖွဲ့အစည်း များသည် ဟိုတယ်များ ၊ ပုဂ္ဂလိကဘဏ်များ နည်းတူ ၅ နှစ်တစ်ကြိမ် သက်တမ်းတိုး ရမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြင်ဆင် သတ်မှတ် လိုက်သည့် နှုန်းထားများမှာ A/D လိုင်စင်အတွက် ကနဦး လိုင်စင်ကြေး ငွေကျပ် သိန်း ၂၀ ၊ ၅ နှစ်တစ်ကြိမ် သက်တမ်းတိုးခြင်း ကို ငွေကျပ် ၃ သိန်း ၊ သက်တမ်းတိုး နောက်ကျကြေး ၊ ဒဏ်ကြေး တစ်လျှင် ငွေကျပ် ၅ သောင်း ၊ လုပ်ငန်း တိုးချဲ့ခြင်းများ အတွက် ငွေကျပ် ၁၀ သိန်း အဖြစ် ပြင်ဆင် သတ်မှတ် ခဲ့ကြောင်း ၊ M/C လိုင်စင်များ အတွက် ကနဦး လိုင်စင်ကြေး ငွေကျပ် ၄ သိန်းမှ ယခု ငွေကျပ် ၅ သိန်း ၊ M/C လိုင်စင် ( ဘဏ်မဟုတ်သော အဖွဲ့အစည်းများ ) အတွက် ကနဦး လိုင်စင်ကြေး ငွေကျပ် ၁၀ သိန်း ဖြစ်သည်။ A/D လိုင်စင်များ အတွက် ယခင်က ကနဦး လိုင်စင်ကြေး အနေဖြင့် ငွေကျပ် ၅ သိန်းသာ ရှိခဲ့ကြောင်း သိရှိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment