Pages

Thursday, June 19, 2014

ကိုးကန့် (တိမ်းရှောင်) သောင်းကျန်းသူအဖွဲ့မှ တပ်ဖွဲ့ဝင်များ ဥပဒေဘောင် အတွင်း ၀င်ရောက်ခြင်း နှင့် ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ပွဲပြုလုပ်


ကိုးကန့် (တိမ်းရှောင်) သောင်းကျန်းသူအဖွဲ့မှ ဥပဒေဘောင်အတွင်း ၀င်ရောက်လာသော တပ်ဖွဲ့ဝင်များအား တာဝန်ရှိ သူများက ကြိုဆို နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၁၉-၆-၂၀၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့် (တိမ်းရှောင်) သောင်းကျန်းသူ အဖွဲ့မှ တပ်ဖွဲ့ဝင်များ ဥပဒေ ဘောင်အတွင်း ၀င်ရောက်ခြင်း နှင့် ဂုဏ်ပြု ထောက်ပံ့ငွေ ပေးအပ်ပွဲကို ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် လောက်ကိုင်မြို့ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ကိုးကန့် ဦးစီးအဖွဲ့ ခန်းမဆောင် ၌ ပြုလုပ်ရာ လောက်ကိုင် တပ်နယ်မှ ဗိုလ်မှူးချုပ် ကျော်စိုး ၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးပယ်စောက်ချိန် ၊ တပ်ရင်း တပ်ဖွဲ့မှူးများ ၊ အရာရှိ ၊ စစ်သည် ၊ မိသားစုများ နှင့် ဒေသခံ ပြည်သူများ တက်ရောက် ကြသည်။

ထို့နောက် ကိုးကန့် (တိမ်းရှောင်) သောင်းကျန်းသူ အဖွဲ့မှ ဥပဒေဘောင် အတွင်း ၀င်ရောက် လာသော တပ်ဖွဲ့ဝင် ၁၅ ဦးအား ဒေသခံ ပြည်သူများက နွေးထွေး လှိုက်လှဲစွာ ကြိုဆိုကြကာ ဗိုလ်မှူးချုပ် ကျော်စိုး နှင့် ဦးပယ်စောက်ချိန် တို့က ကြိုဆို ဂုဏ်ပြု အမှာစကား ပြောကြားပြီး အလင်းဝင် လက်မှတ် နှင့် ဂုဏ်ပြု ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment