Pages

Wednesday, May 14, 2014

KIA (ကချင်) လက်နက်ကိုင် အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွား သူများအား တပ်မတော် စစ်ကြောင်းမှ ကယ်တင်၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ



KIA (ကချင်) လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် သွားရာမှ
ပြန်လည် လွတ်မြောက် လာသူများအား တွေ့ရစဉ်
နေပြည်တော် ၊ ၁၄-၅-၂၀၁၄

KIA (ကချင်) လက်နက်ကိုင် အဖွဲ့ ၊ တပ်မဟာ(၁) ၊ တပ်ရင်း(၄) မှ အင်အား ၃၀ ဦးခန့်သည် မေလ ၃ ရက် နံနက် ၁၁ နာရီက မြစ်ကြီးနား မှ မေခ - မလိခ မြစ်ဆုံသို့ သွားသော လမ်းကြောင်း ပေါ်ရှိ ဒွန်ဂန်ရွာ အနီးတွင်  မောင်ဖြိုးဖြိုး ၂၃ နှစ် (ဘ) ဦးမြင့်လွင် အပါအ၀င် ၅ ဦး ၊ ညနေ ၃ နာရီခွဲတွင် အာလမ်ကျေးရွာ ကချင်ချောင်းသာ (ခေါ်) ရှန်ဂရီလာ အပန်းဖြေ စခန်းမှ မောင်ညီချစ် ၁၇ နှစ် (ဘ) ဦးဖိုးချစ် အပါအ၀င် ၅ ဦး ၊ ည ၁၀ နာရီတွင် အူဗျစ် ကျေးရွာမှ မောင်တူးရိန် ၂၀ နှစ် (ဘ) ဦးဇော်မိုင် အပါအ၀င် ၇ ဦး အားလည်းကောင်း ၊ မေလ ၇ ရက်ည သန်းခေါင်ချိန် တွင် တန်ဖဲ ကျေးရွာ မြစ်ဆုံအနီး အလုပ်သမား နေအိမ်များမှ ၂၇ ဦးအား လည်းကောင်း ၊ မေလ ၈ ရက် ညနေ ၅ နာရီခန့်တွင် ဖုန်အင်ခ ကျေးရွာ အနောက်ဘက် တောတွင်း သစ်ဥသစ်ဖု ရှာဖွေနေသူ ဦးခီးဦးဆာပါ ၄၀ နှစ် (ဘ) ဦးတီးမေကျော် အပါအ၀င် ၃ ဦး ၊ စုစုပေါင်း ၅၇ ဦးတို့အား အသီးသီး ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

အဆိုပါ ဖမ်းဆီး သွားသူများအား ပြန်လည် စေလွှတ်ပေးရေး သက်ဆိုင်ရာ အဖွဲ့အစည်း များမှတစ်ဆင့် အကြောင်းကြား ခဲ့သော်လည်း အချိန်မီ စေလွှတ် ပေးခြင်းမရှိ၍ နယ်မြေခံ တပ်မတော် စစ်ကြောင်းများဖြင့် ရှင်းလင်း ရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ရာ တီယန်ဇွတ် ကျေးရွာအနီး ပလောင်ရွာမှ မောင်ဖြိုးဖြိုး အပါအ၀င် ၁၂ ဦး ၊ အီဂျစ်ရွာ အနောက်တောင်ဘက် တောတွင်း တစ်နေရာမှ ၂ ဦး ၊ မြစ်ဆုံ ကျေးရွာ အနောက်ဘက် တောတွင်း တစ်နေရာမှ ၄ ဦး ၊ စုစုပေါင်း ၁၈ ဦးအား ပြန်လည် ရှာဖွေ ကယ်ဆယ် နိုင်ခဲ့ပြီး မေလ ၁၂ ရက် နံနက် ၁၀ နာရီခွဲတွင် မြစ်ဆုံ စည်ပင်သာယာ ရိပ်သာ၌ သက်ဆိုင်ရာ မိဘ အုပ်ထိန်းသူ များထံသို့ ကောင်းမွန်စွာ ပြန်လည် အပ်နှံ ပေးခဲ့သည်။

ဖမ်းဆီး ခံရသူများ အနက် ပြန်လည် လွတ်မြောက်ရန် ကျန်သူ ၃၉ ဦးရှိရာ ၄င်းတို့အထိ တွင် ပညာသင်ကြား နေဆဲ ၄ ဦး ၊ အမျိုးသမီးငယ် ၄ ဦး ပါဝင်ကြောင်း နှင့် ကျန်ရှိသူ အားလုံးအား အန္တရာယ် မပြုရန် အမြန်ဆုံး ပြန်လည် စေလွှတ်ပေး နိုင်ရေးအတွက် ဒေသခံ များမှ နိုင်ငံတော် အစိုးရနှင့် ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်ရုံး အပါအ၀င် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်း များသို့ အကူအညီ တောင်းခံစာများ ပေးပို့ ထားကြောင်း သိရှိရပြီး နယ်မြေခံ တပ်မတော် စစ်ကြောင်း များမှလည်း ရှာဖွေရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment