Pages

Saturday, May 17, 2014

အနာဂတ်လူငယ်များ ပေါ်ထွန်းလာရေး


အနာဂတ်လူငယ်များ ပေါ်ထွန်းလာရေး

ပညာတတ် လူငယ် လူရွယ်များ အမြောက်အမြား ပေါ်ထွက် လာရေးသည် ယနေ့ နိုင်ငံတော်၏ အရေးပါသော လိုအပ်ချက် တစ်ရပ်ဖြစ်သည့် အလျှောက် ပညာရေးကဏ္ဍ မှလည်း ၀ါယမ စိုက်ကာ ကြိုးပမ်း ဆောင်ရွက် နေသည်ကို တွေ့မြင် ရသည်။ ထူးချွန် ထက်မြက်သည့် ပညာတတ်များ ပေါ်ထွက် လာရေးသည် ကလေးများ၏ ဉာဏ်ရည် ဖွံ့ဖြိုးမှု ၊ ကြိုးစား အားထုတ်မှု ၊ ပံ့ပိုး ကူညီမှုတို့ အပေါ်တွင် များစွာ တည်မီလျက် ရှိသည်။

ထို့ကြောင့် ကလေးများ ကျန်းမာ သန်စွမ်းပြီး ဉာဏ်ရည် ဖွံ့ဖြိုးရန် အတွက် အမျိုးသမီးးများ ကိုယ်ဝန်ဆောင်ချိန် မှစ၍ ကျန်းမာရေး ၀န်ထမ်းများ နှင့် ပြသပြီး မိခင် နှင့် ကလေး ကျန်းမာရေး ကို အလေးဂရုပြု ရမည်။ ကလေးများ ဦးနှောက် ဖွံ့ဖြိုးရေး အတွက် ကိုယ်ဝန် စတင်ဆောင်ချိန် မှစ၍ ကိုယ်ဝန်ဆောင် စဉ်အတွင်း ကျန်းမာရေး နှင့် ညီညွတ်ပြီး အာဟာရ ပြည့်ဝသော အစားအစာများ စားသုံးရန် လိုအပ်သည်။ လတ်ဆတ်သော ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံ နှင့် နို့ထွက် စားသောက်ဖွယ်ရာ များကို စားသုံးကြရပြီး မိခင် နှင့် ကလေး ကျန်းမာရေး အတွက် နေ့စဉ် လမ်းလျှောက်ခြင်း ၊ သားဖွား မီးယပ် ဆရာမနှင့် စစ်ဆေးခြင်း တို့ကို ပြုလုပ် ရမည် ဖြစ်သည်။

ရင်သွေးငယ်၏ ဘ၀တစ်လျှောက်လုံး ဉာဏ်ရည် ဖွံ့ဖြိုးမှုသည် မိခင် ၀မ်းတွင်း နေသည့် အချိန်မှ အစပြုပြီး မွေးဖွားပြီး ၅ နှစ်သား အထိ အရေး အကြေီးဆုံး ဖြစ်သဖြင့် မိခင်တိုင်းသည် ရင်းသွေးငယ် တို့၏ အနာဂတ် ဘ၀ လှပရေး အတွက် အထူးဂရုပြု ပြုစု ကြရမည်။ ကလေးငယ် ဘ၀ သာယာ လှပရေးအတွက် ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု သည်လည်း အထူး အရေးကြီးသည်။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု အတွက် မိဘ ၊ ဘိုးဘွား ၊ ကလေးထိန်းသူ ၊ အုပ်ထိန်းသူ များ၏ ကလေးအပေါ် ချစ်ခင် နွေးထွေးမှု ၊ မေတ္တာထားမှု ၊ ယုယပိုက်ထွေးမှု တို့သည် အရေးပါသည်။

အနာဂတ် ကာလ ထူးချွန် ထက်မြက်သည့် လူငယ်လူရွယ် များ ပေါ်ပေါက်ရေးသည် မိခင်တို့အပေါ် မူတည်ပြီး ကျောင်းနေအရွယ် မှစ၍ လေ့လာ သင်ကြားမှုတွင် ထူးချွန် ထက်မြက်ရန် စတင် လမ်းကြောင်း ပေးရမည် ဖြစ်သည်။ စိတ်ဓာတ် ကောင်းရန် ၊ စည်းကမ်းရှိရန် ၊ ပညာတတ် ဖြစ်စေရန် ညွှန်ကြား ပြသပေးရမည် ဖြစ်သည်။ ယနေ့ မျိုးဆက်သစ် လူငယ်များသည် အနာဂတ် နိုင်ငံ၏ တာဝန်ကို ထမ်းဆောင် ကြရမည့် သူများ ဖြစ်သည်။

သို့ဖြစ်ရာ ထူးချွန် ထက်မြက်သော အနာဂတ် လူငယ်များ ပေါ်ထွန်း လာရေးအတွက် မိခင် ၀မ်းတွင်း သန္ဓေတည်ချိန် မှစပြီး မိခင်နှင့် ကလေး ကျန်းမာရေး ကောင်းမွန်စေရန် ပြုစု ပျိုးထောင် ပေးသွား ကြရမည် ဖြစ်ပြီး မိခင်တို့သည်လည်း မိမိတို့၏ ရင်သွေးငယ်များကို မိခင်စိတ် အပြည့်အ၀ ထားရှိနိုင်ရန် အချိန်ပေး သွားကြရမည် ဖြစ်ကြောင်း အကြံပြု ရေးသား လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment