Pages

Wednesday, May 14, 2014

မလေးရှားနိုင်ငံ ရှိ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သားများအား ကူညီဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး


နေပြည်တော် ၊ ၁၄-၅-၂၀၁၄

မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မလေးရှား နိုင်ငံရှိ အထောက် အထားမဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အန္တရာယ် ကင်းရှင်းစွာ တရားဝင် နေထိုင်သွားလာ အလုပ်လုပ်ခွင့် ရရှိနိုင်ရန် ရည်ရွယ် ကျင်းပသည့် မြန်မာနိုင်ငံမှ Diamond Palace ကုမ္ပဏီလီမိတက် နှင့် မလေးရှား နိုင်ငံမှ Bukti Megah Sdn Bhd ကုမ္ပဏီတို့၏ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို ယမန်နေ့ ည ၇ နာရီခွဲက Grand Amara Hotel တောင်ငူခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်၊ ဒုတိယ ဝန်ကြီး ဦးတင်ဦးလွင် နှင့် တာဝန်ရှိ သူများ တက်ရောက် ကြပြီး မလေးရှား နိုင်ငံ ပြည်ထဲရေး ဝန်ကြီး DATOS SERI DR AHMAD ZAHID HAMID နှင့်ဇနီး၊ မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှား သံအမတ်ကြီး နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

အဆိုပါ နားလည်မှု စာချွန်လွှာတွင် နိုင်ငံသား စိစစ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ နိုင်ငံသား စစ်မှန်သူကို နိုင်ငံကူး လက်မှတ် ထုတ်ပေးနိုင်ရေး၊ တရားဝင် အလုပ်လုပ် ကိုင်ခွင့်နှင့် တရားဝင် ဗီဇာ ရရှိ ထုတ်ပေးနိုင်ရေး၊ မည်သူ မည်ဝါ ဖြစ်သည်ကို နည်းပညာ အသုံးပြု၍ ခိုင်လုံစွာ စိစစ်နိုင်ရေး၊ အလုပ်လုပ်ခွင့် မရှိသူများ သတ်မှတ်သည့် လုပ်ထုံး လုပ်နည်း၊ ဥပဒေများ နှင့် ကိုက်ညီပါက မလေးရှား ကုမ္ပဏီက တရားဝင် အလုပ်လုပ် ပိုင်ခွင့်ရရှိရန် ဆောင်ရွက် ပေးနိုင်ရေး စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

ဒိုင်းမွန်းပဲလေ့စ် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိန်းသန်း က '' ကျွန်တော်တို့ ကုမ္ပဏီ အနေနဲ့ မလေးရှား မှာ ရောက်နေတဲ့ အထောက် အထားမဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေကို တရားဝင် နေထိုင် လုပ်ကိုင်ခွင့် ရရှိဖို့အတွက်နှစ်နိုင်ငံ အစိုးရ စီစဉ် ဆောင်ရွက်မယ့် အစီအစဉ်မှာ ပူးပေါင်းပါဝင် ဆောင်ရွက်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ နှစ်နိုင်ငံ အစိုးရတွေ သဘောတူညီ ထားတဲ့အတိုင်း အထောက် အထားမဲ့ လုပ်သားတွေကို သေချာစွာ စိစစ်ပြီး နိုင်ငံကူးလက်မှတ် ထုတ်ပေးပါမယ်။ နိုင်ငံကူး လက်မှတ် ရပြီးတဲ့ သူတွေကို တရားဝင် အလုပ်လုပ် ကိုင်ခွင့်တို့၊ ဗီဇာတွေကို မလေးရှား အစိုးရ အသိအမှတ်ပြု ထားတဲ့ အခု လက်မှတ် ရေးထိုးတဲ့ မလေးရှား ကုမ္ပဏီက ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။ လောလောဆယ် အနေနဲ့ အချိန်ကာလ အားဖြင့် ခြောက်လ ကြာမြင့်ပါမယ်။ နောက်ပိုင်း လျှောက်ထား လာတဲ့ လုပ်သားတွေ ပေါ်မူတည်ပြီး နိုင်ငံတော် အစိုးရကို တင်ပြပြီး ထပ်မံ သက်တမ်းတိုးခွင့် ရမယ်ဆိုရင် သက်တမ်းတိုး နိုင်ဖို့ စီစဉ်ထား ပါတယ်။ ဥပဒေအရ လုပ်အားခ တွေရရှိအောင်၊ အလုပ် လက်မဲ့တွေ နောင်တစ်ချိန်မှာ အလုပ် လက်မဲ့တွေ ဖြစ်မလာ စေဖို့ ခိုင်မာသည်ထက် ခိုင်မာအောင် ဒီ မလေးရှား ကုမ္ပဏီနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးရခြင်း ဖြစ်ပါတယ်။

ဒီလို လက်မှတ် ရေးထိုးတာဟာ ပထမဆုံး အကြိမ်ြဖစ်ပြီး မလေးရှားနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက ကျွန်တော်တို့ ကုမ္ပဏီကို သတ်မှတ် ထားတဲ့ လုပ်ထုံးလုပ်နည်း ဥပဒေတွေ နဲ့အညီ မလေးရှား နိုင်ငံမှာ ရောက်နေတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေကို ကာကွယ် စောင့်ရှောက် နိုင်ဖို့ အခုလို လက်မှတ် ရေးထိုးရခြင်း ဖြစ်ပါတယ်။

အခုဆိုရင် နိုင်ငံတော် အစိုးရက နိုင်ငံကူး လက်မှတ်တွေ ကို လွယ်လွယ်ကူကူ စီစဉ် ဆောင်ရွက် ပေးနေပါတယ်။ တရားဝင် သွားရောက် အလုပ်လုပ် ကိုင်ကြပါ။ တရားမဝင် သွားရောက် အလုပ်လုပ် ကိုင်ခြင်းဟာ ဆိုးကျိုးတွေ ပဲရှိပါတယ်'' ဟု ပြောကြား ခဲ့ကြောင်း သိရှိရသည်။ 

#Themyawadydaily

No comments:

Post a Comment