Pages

Sunday, May 4, 2014

ကန်တော်ကြီး ရေချိုငါးပြတိုက်ကို တစ်နှစ်ခွဲခန့် ခေတ္တပိတ်ထားမည်



ရန်ကုန် ၊ ၄-၅-၂၀၁၄

ရန်ကုန်မြို့ ရှိ တိရစ္ဆာန်ဥယျာဉ် အနီးတွင် တည်ရှိသော ကန်တော်ကြီး ရေချို ငါးပြတိုက် ကို နိုင်ငံတကာ အဆင့်မီ ငါးပြတိုက်ကြီး အဖြစ် ပြန်လည် ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ယခုနှစ် မေလမှ စတင်၍ တစ်နှစ်ခွဲခန့် ခေတ္တ ပိတ်ထားမည် ဖြစ်ကြောင်း အဆိုပါ ငါးပြတိုက်ကို အဆင့်မြှင့်တင် ကာ ပြန်လည် ဆောက်လုပ်ရန် လုပ်ကိုင်ခွင့် ရရှိခဲ့သော Myanmar Aquarium ကုမ္ပဏီ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

အဆိုပါ ကန်တော်ကြီး ရေချို ငါးပြတိုက် သည် ရန်ကုန်မြို့တွင် လွန်ခဲ့သော နှစ်ပေါင်း များစွာ ကတည်းက ဆောက်လုပ် ခဲ့သော နိုင်ငံတော်ပိုင် ငါးပြတိုက် ဖြစ်သည်။ ၄င်းကို နိုင်ငံတကာ အဆင့်မီ ငါးပြတိုက်ကြီး အဖြစ် ပြန်လည် ဆောက်လုပ်ကာ အဆင့်မြှင့်တင် ရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး တိုင်းငါးလုပ်ငန်း ဦးစီးဌာန က ကြီးမှူး၍ စိတ်ဝင်စား သော ကုမ္ပဏီများ နှင့် စီးပွားရေး လုပ်ငန်းရှင် များကို တင်ဒါ ခေါ်ယူခဲ့ရာ Myanmar Aquarium ကုမ္ပဏီက တင်ဒါအောင်မြင်ကာ လုပ်ကိုင် ဆောင်ရွက်ခွင့် ရရှိခဲ့ပြီး ၂၀၁၅ ခှုစ် ဒီဇင်ဘာလ တွင် အပြီးသတ် တည်ဆောက်ကာ Yangon Ecological Aquarium အဖြစ် ဖွင့်လှစ်သွားရန် စီစဉ် ထားကြောင်း သိရသည်။ (ပုံ)

အသစ် ပြန်လည် ဖွင့်လှစ်မည့် Yangon Ecological Aquarium ငါးပြတိုက်ကြီး တွင် ရေချိုငါးများ နှင့် ရေငန်ငါးများ အပြင် တခြားသော ကမ္ဘာ့ ရှားပါး မျိုးစိတ်ဝင် ရေနေ သတ္တ၀ါ များကိုလည်း ထည့်သွင်း ပြသသွားမည် ဖြစ်ပြီး ရေအောက် ငါးကမ္ဘာ ၊ အသေးစား ရုပ်ရှင်ရုံ နှင့် စားသောက်ဆိုင် များကိုလည်း ထည့်သွင်း တည်ဆောက်ရန် စီစဉ် ထားကြောင်း သိရသည်။

အဆိုပါ ငါးပြတိုက် အသစ်ကို ဆောက်လုပ်ရန် အတွက် Myanmar Aquarium ကုမ္ပဏီ နှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများ သည် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် စက်ဝိုင်းခြမ်း ပုံစံ အဆောက်အအုံ အဖြစ် ဆောက်လုပ်ရန် ဆုံးဖြတ် ခဲ့ကြောင်း သိရှိရသည်။ 

(ဆောင်းဦး)

#Themyawadydaily

No comments:

Post a Comment