Pages

Thursday, May 8, 2014

ပြန်ပေးဆွဲခံရသည့် ကျောင်းသူများ ရှာဖွေကယ်ဆယ်ရေးတွင် ကူညီရန် အမေရိကန် အစိုးရ၏ ကမ်းလှမ်းမှုကို နိုက်ဂျီးရီးယား လက်ခံ


The United States did not provide assistance earlier to Nigeria to find 300 kidnapped schoolgirls because the country’s leaders requested help only recently, Secretary of State John Kerry said today.
Nigeria had been following its own strategy but when Kerry spoke with Nigerian President Goodluck Jonathan today, he said he was “happy” to receive the United States’ latest offer of American military and law enforcement personnel to join his government’s efforts, Kerry said.


ဝါရှင်တန် ၊ ၈-၅-၂၀၁၄

အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် ဘိုကိုဟာရမ် အဖွဲ့၏ ဖမ်းဆီး ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသည့် ကျောင်းသူ ၂၀၀ ကျော်ကို ပြန်လည် ကယ်ဆယ် နိုင်ရေးတွင် ကူညီရန် အတွက် ကယ်ဆယ်ရေး အဖွဲ့ကို နိုက်ဂျီးရီးယား နိုင်ငံသို့ စေလွတ် သွားမည် ဟူသော အမေရိကန် အစိုးရ၏ ကမ်းလှမ်းချက်ကို နိုက်ဂျီးရီးယား အစိုးရက လက်ခံ လိုက်ပြီဖြစ်ကြောင်း အိမ်ဖြူတော် မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက မေလ ၆ ရက်တွင် ထုတ်ဖော် ပြောကြားချက် အပေါ် Xinhua သတင်း တစ်ရပ်အရ သိရသည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ သည် နိုက်ဂျီးရီးယား သမ္မတ ဂွတ်လပ်ခ် ဂျိုနသန် နှင့် ဖုန်းဖြင့် ဆွေးနွေး စကားပြောကြားစဉ် ဖမ်းဆီးခံရသူ ကျောင်းသူများ ကို ကယ်ဆယ်ရေး တွင် အထောက်အပံ့ အနေဖြင့် အမေရိကန် အစိုးရ အဖွဲ့က နိုက်ဂျီးရီးယား နိုင်ငံသို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ပေးမည် ဟု ပြောကြား သည်ဟု အိမ်ဖြူတော် မှ ပြောရေး ဆိုခွင့်ရှိသူ ဂျေးကာနေး က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြား ခဲ့သည်။

ပြန်ပေးဆွဲခံ ရသည့် ကျောင်းသူများကို ရှာဖွေရေး နှင့် ကယ်ဆယ်ရေး တို့တွင် စုံစမ်းရန် စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်ရန် အတွက် ကူညီရန် အမေရိကန် နိုင်ငံမှ ကယ်ဆယ်ရေး အဖွဲ့တစ်ဖွဲ့ကို စေလွှတ် သွားမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

နိုက်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ် တွင် ကျောင်းသူ ၂၃၄ ဦးကို ဧပြီလလယ် ပိုင်းက ပြန်ပေးဆွဲ ပြီးနောက် အဆိုပါ ပြည်နယ် ၌ပင် ကျောင်းသူ ၈ ဦးထက်မနည်း ထပ်မံ ပြန်ပေးဆွဲ ခဲ့ကြကြောင်း သတင်းဌာန များက ဖော်ပြ ခဲ့ကြောင်း သိရှိရသည်။


#Themyawadydaily

No comments:

Post a Comment