Pages

Thursday, May 1, 2014

တာဝန်ရှိသူအား သေနတ်နှင့်ပစ်ပြေးသူထံမှ မူးယစ်ဆေးဝါး နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ


မူဆယ် ၊ ၁-၅-၂၀၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ် ၊ နမ့်အွမ်ကျေးရွာ ရွာလယ်ဈေး အနီးတွင် ယမန်နေ့ နေ့လယ် ၁၁ နာရီက မူးယစ်ဆေးဝါး နှင့် လက်နက်ခဲ့ယမ်း များ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၂၂) မူဆယ်မှ ရဲအုပ် စိုင်းကျော်မြင့်ထွန်း ဦးစီး အဖွဲ့သည် မူဆယ်မြို့နယ် ၊ နမ့်အွမ် နှင့် တီးမရွာ သွားကားလမ်း နမ့်အွမ်ရွာ ရွာလယ်ဈေး အနီးတွင် ရှောင်တခင် ပိတ်ဆို့ ရှာဖွေနေစဉ် တီးမရွာ မှ နမ့်အွမ်ရွာ သို့ ယာဉ်မောင်း စိုင်းပူးဝါ ၅၂ နှစ် (ဘ) ဦးခေးဆိုင် ( က-၇၈ ၊ ကောင်းနောင် ရပ်ကွက် ၊ မူဆယ်မြို့နယ် နေသူ ) မောင်းနှင်ပြီး အိုက်ထွန်း ၄၂ နှစ် (ဘ) ဦးဂွမ်ဆွမ်း ( ဟန်ကိုင်းရွာ ၊ ကွတ်ခိုင်မြို့နယ် နေသူ ) နှင့် အမည်မသိ အမျိုးသား တစ်ဦးတို့ လိုက်ပါလာသည့် ပါဂျဲရိုးယာဉ် ကို ရပ်တန့် ရှာဖွေ စစ်ဆေးရာ အဆိုပါ အမည်မသိ စိစစ်ဆဲသူ မှာ ယာဉ်ပေါ်မှ ဆင်းလာပြီး လွယ်အိတ် အတွင်းမှ သေနတ်အား ထုတ်၍ ပစ်ခတ်မည် ပြုစဉ် ရဲတပ်ကြပ် မျိုးပိုင် နှင့် ရဲတပ်ကြပ် သန့်ဇင် တို့မှ လုံးထွေးဖမ်းဆီးရာ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ရဲတပ်ကြပ် မျိုးပိုင် တွင် သေနတ်ဒဏ်ရာ တစ်ချက် ရရှိပြီး သေနတ်ဖြင့် ပစ်ခတ်သော သူမှာ ထွက်ပြေး သွားသဖြင့် ယာဉ်အား ဆက်လက် ရှာဖွေရာ ယာဉ်နောက်ခန်း တူးဘောက် အတွင်းမှ ဘိန်းဆီခဲ ၂၅၆ ဒသမ ၃ ဂရမ် ၊ M-22 မောင်းပြန် ရိုင်ဖယ် ၂ လက် ၊ ၄င်းကျည် ၁၅၅ တောင့် ၊ ကျည်အိမ် ၆ ခု ၊ ဆလင်ဒါပုံ တိုက်မိုင်း တစ်လုံး ၊ SSA တပ်မဟာ(၁) နှင့် ကျားခေါင်း လက်မောင်းတံဆိပ် တစ်ဖက်စီပါ ယူနီဖောင်း တစ်စုံ ၊ အီကွေ့မင့် ၂ ခု ၊ စစ်စိမ်းရောင် ချိတ်ခါးပတ် တစ်ချောင်း တို့အား ရှာဖွေ တွေ့ရှိသဖြင့် စိုင်းပူးဝါ ၊ အိုက်ထွန်း နှင့် အမည်မသိ အမျိုးသား တစ်ဦးတို့အား မူဆယ် မြို့မ ရဲစခန်း မှ မယ(ပ) ၄၆/၂၀၁၄ ၊ မူး/ စိတ် ၁၅ / ၁၉(က) ၂၁ /၂၂(ခ) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၄၀၅)

#Themyawadydaily

No comments:

Post a Comment