Pages

Wednesday, April 9, 2014

မြန်မာ တောင်တက်သမားများ မလေးရှားနိုင်ငံ ၏ အမြင့်ဆုံးတောင် ဖြစ်သော Mt. Kinabalu တောင်သို့ တက်ရောက်မည်




ရန်ကုန် ၊ ၉-၄-၂၀၁၄

Myanmar Global Expedition Club တောင်တက် အဖွဲ့မှ မလေးရှား နိုင်ငံ ၏ အမြင့်ဆုံး တောင်ဖြစ်သော Mt. Kinabalu တောင်သို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တောင်တက် အဖွဲ့သည် ဧပြီ ၁၁ ရက်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် မှ မလေးရှား နိုင်ငံသို့ စတင်ထွက်ခွာမည် ဖြစ်ပြီး MGEC တောင်တက် အဖွဲ့အား Phatama Group Co., Ltd ၊ Brand Vitamin B Complex ကြက်ပေါင်း အားဆေး ၊ MMTA Co.,Ltd , Media 26 နှင့် Cerebos Thailand Co., Ltd တို့မှ တစ်ဖက် တစ်လမ်းမှ ထောက်ပံ့ ကူညီ ပေးထားပြီး မလေးရှားနိုင်ငံ ဘက်မှ Global Expedition Club ,TR Group of Companies , Mr. Clean, Dragon - I Restaurant , Celecom , Sutera Sanctuary Lodges , Hyper Gear ,Sunlight , MRCA , Rand Asia တို့မှ ပံ့ပိုးကူညီ ပေးထားသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံအား မလေးရှား နိုင်ငံ၏ အမြင့်ဆုံး တောင်ထွတ် ပေါ်တွင် လွှင့်ထူနိုင်ရန် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း သိရသည်။

MGEC တောင်တက် အဖွဲ့ဝင် ဒေါက်တာ ရှန်လင်းအောင် က " ကျွန်တော်တို့ MGEC ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ လူငယ်များရဲ့ စွန့်စားလို စိတ်ကို နည်းစနစ်တကျ အသုံးချ တတ်စေရန် ၊ မြန်မာနိုင်ငံ တွင် တောင်တက် အားကစားနည်း ပိုမို ဖွံ့ဖြိုး စေရန် ၊ ဒေသတွင်း ခရီးစဉ်များ ဖော်ဆောင်ခြင်း ဖြင့် မြန်မာနိုင်ငံ ၏ ခရီးသွား အခြေခံ Eco Tourism လုပ်ငန်းအား တစ်ဖက် တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် တို့ ဖြစ်ကြောင်း နှင့် တောင်တက်ခြင်း အားကစား သည် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု သာမက စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ကိုပါ အထူး လိုအပ်သော အားကစား ဖြစ်ပါတယ် ... " ဟု ပြောကြားသည်။ ထို့အပြင် ၄င်းက " ကျွန်တော်တို့ ယခု ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ တောင်တက် သမား အချင်းချင်း အတွေ့အကြုံ ဖလှယ်ရန် နှင့် တောင်တက် နည်းစနစ်များအား စနစ်တကျ လေ့လာရန် တို့ ဖြစ်ပါတယ် ... " ဟု ပြောကြား ခဲ့သည်။

အဆိုပါ တောင်တက် အဖွဲ့သည် မလေးရှား နိုင်ငံတွင် ကျောက်တောင်တက် နည်းစနစ် များကိုပါ လေ့လာ သွားမည် ဖြစ်ကြောင်း သိရှိရသည်။ ( ကောင်းစစ်နိုင် )

#Themyawadydaily

No comments:

Post a Comment