Pages

Wednesday, April 9, 2014

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူရာ အိမ်ထောင်စု ကိုးသန်းခွဲကျော် ကောက်ယူ ပြီးစီးခဲ့ပြီဖြစ်


နေပြည်တော် ၊ ၉-၄-၂၀၁၄

မတ် ၃ဝ ရက်မှ စတင်၍ ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေ နှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများ ကို ဆောင်ရွက် ခဲ့ရာ ဧပြီ ၇ ရက် အထိ အိမ်ထောင်စု ၉၅၆၂၂၆၅ စုကို ကောက်ယူ ပြီးစီး ခဲ့ကြောင်း သိရှိရသည်။

တိုင်းဒေသကြီး နှင့် ပြည်နယ် အလိုက် ကောက်ယူ ပြီးစီးမှုမှာ ကချင်ပြည်နယ် တွင် အိမ်ထောင်စု ၂၁၇၄၃၂ စု ၊ ကယားပြည်နယ် တွင် ၄၇၁၆၃ စု၊ ကရင်ပြည်နယ် တွင် ၂၆၈၈၉ဝ စု ၊ ချင်းပြည်နယ် တွင် ၇၁၂၁၁ စု ၊  စစ်ကိုင်းတိုင်း ဒေသကြီး တွင် ၉၉၆၅၉၉ စု၊ တနင်္သာရီတိုင်း ဒေသကြီး တွင် ၂၅၂၅၆၄ စု၊ ပဲခူးတိုင်း ဒေသကြီး (အရှေ့ပိုင်း) တွင် ၅၈၆၄၂၆ စု၊ ပဲခူးတိုင်း ဒေသကြီး (အနောက်ပိုင်း) တွင် ၄၆ဝ၂၆၃ စု၊ မကွေးတိုင်း ဒေသကြီး တွင် ၈ဝ၉၁ဝ၄ စု၊ မန္တလေးတိုင်း ဒေသကြီး တွင် ၁၁၇၁၆၄၇ စု၊ မွန်ပြည်နယ် တွင် ၃၇၉၉၆ဝ စု ၊ ရခိုင်ပြည်နယ် တွင် ၄၂၀၅၇၇ စု ၊ ရန်ကုန်တိုင်း ဒေသကြီး တွင် ၁၄၆၉၁၈၁ စု ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ၁၀၃၅၂၄ စု ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ၄၄၈၂၈၈ စု ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ၃၃၉၆၈၃စု ၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၁၂၈၅၄၆၄ စု၊ နေပြည်တော် ကောင်စီတွင် ၂၃၄၃၇၉ စု တို့ ဖြစ်ကြသည်။

KIA တပ်ဖွဲ့ဝင် များ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် သန်းခေါင်စာရင်း မကောက်ယူ နိုင်ခဲ့သော ကချင်ပြည်နယ် ရှိ ကျေးရွာ ၂၃၁ ရွာအနက် ဧပြီ ၂ ရက်မှ ၈ ရက်အထိ တပ်မတော် လုံခြုံရေး အစောင့်အရှောက် ဖြင့် ကျေးရွာ ၆၃ ရွာတွင် သန်းခေါင်စာရင်း ကောက်ယူ ပြီးစီး ခဲ့သည်။ ရွာပျက် ကျေးရွာ ၃ဝ အား စာရင်းမှ ပြန်လည် ပယ်ချက်ခဲ့သဖြင့် စာရင်း ကောက်ရန်ကျန် ၁၃၈ ရွာအား ဆက်လက် ကောက်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ ခရိုင်တွင် KIA တပ်ဖွဲ့ဝင်များ၏ တားမြစ်မှုကြောင့် သန်းခေါင်းစာရင်း မကောက်ယူ နိုင်ခဲ့သည့် ကျေးရွာ ၅၄ ရွာ၌ တပ်မတော်၏ လုံခြုံရေး အစောင့် အရှောက်ဖြင့် ဧပြီ ၂ ရက်မှ ၈ ရက်အထိ ကျေးရွာ ၄၁ ရွာတွင် ကောက်ယူ ပြီးစီးခဲ့သဖြင့် ကျန် ၁၃ ရွာအား ဆက်လက် ကောက်ယူ သွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သိရှိရသည်။

No comments:

Post a Comment