Pages

Tuesday, April 29, 2014

စင်ကာပူအစိုးရ က မြန်မာကျောင်းသား များအား အာဆီယံ ပညာသင်ဆု ပေးအပ်မည်



ရန်ကုန် ၊ ၂၉-၄-၂၀၁၄

၂၀၁၅ ပညာသင်နှစ် အတွက် မြန်မာနိုင်ငံရှိ အဋ္ဌမတန်း အောင်မြင် ထားသော ကျောင်းသား၊ ကျောင်းသူ များအား အာဆီယံ ပညာသင်ဆု ပေးအပ်ရန် အတွက် စင်ကာပူ အစိုးရက ကမ်းလှမ်းထားကြောင်း သိရသည်။

ပညာသင်ဆု ရရှိသူများသည် စင်ကာပူအစိုးရ ကျောင်းများတွင် Secondary Three မှ Pre-University Two Level အဆင့်အထိ လေးနှစ်ခန့် ပညာ သင်ကြားရမည် ဖြစ်ပြီး လေးနှစ်တာ ကျောင်းလခ၊ နေထိုင်စရိတ် နှင့် စာမေးပွဲကြေးများ အားလုံးကို ရရှိမည် ဖြစ်သည်။ ပညာသင်ဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများသည် မိမိ၏ အရည်အချင်းကို နှစ်အလိုက် ထူးချွန်အောင် ထိန်းသိမ်း ရမည်ဖြစ်ပြီး တစ်နှစ် ကျရှုံးပါက ပညာသင်ဆု ကို ဆက်လက် ရရှိနိုင်မည် မဟုတ်ပေ။ ပညာသင်ဆု လျှောက်ထား သူများသည် ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ် အတွင်း မွေးဖွားသော မြန်မာနိုင်ငံသား ဖြစ်ရမည် ဖြစ်ပြီး ပညာသင်ဆု လျှောက်ထားသည့် အချိန်တွင် အဋ္ဌမတန်း (Grade 9) အောင်မြင်ထားသူ ဖြစ်ရမည် ဖြစ်သည့် အပြင် ကျောင်းစာမေးပွဲ များတွင် ထူးချွန်ပြီး အင်္ဂလိပ်စာ အရည်အချင်း ကောင်းမွန်သူ ဖြစ်ရမည် ဖြစ်သည်။ 

လျှောက်ထားသူ များသည် ၂၀၁၄ ခုနှစ်၊ ဇွန်လတွင် ရေး၊ ဖြေ စာမေးပွဲကို ဖြေဆို ရမည်ဖြစ်ပြီး ဖြေဆို သူများထဲမှ ရွေးချယ်ခံရ သူများသည် စက်တင်ဘာလ တွင် လူတွေ့ စစ်ဆေးမှုကို ထပ်မံဖြေဆို ရမည် ဖြစ်သည်။ ရေး၊ ဖြေ စာမေးပွဲနှင့် လူတွေ့ စစ်ဆေးမှု များကို ရန်ကုန်မြို့ တွင်ပင် ကျင်းပပြုလုပ် ပေးမည် ဖြစ်သည်။ ပညာသင်ဆု ရရှိသူများကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ တွင် အကြောင်းကြား ပေးမည်ဖြစ်ပြီး ပညာ သင်ဆု လျှောက်လွှာ များအား အမှတ် ၂၃၈၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ စင်ကာပူ သံရုံး ဒုတိယ အကြီးအကဲနှင့် သံမှူး Mr.William Chik ထံသို့ မေလ ၃၀ ရက်နောက်ဆုံးထား ပေးပို့ ရမည် ဖြစ်သည်။

အသေးစိတ်အချက်အလက်များကို http://www.moe.gov.sg/education/scholarships/asean/myanmar တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်မည် ဖြစ်သည်။

သန္တာ (Internet 15/16)

No comments:

Post a Comment