Pages

Sunday, April 20, 2014

လားရှိုးမြို့တွင် ခဲယမ်းများ သိမ်းဆည်းရမိ



လားရှိုး ၊ ၂၀-၄-၂၀၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ ၊ ရပ်ကွက်(၁၂) ၊ နယ်မြေ(၃) မှ နယ်မြေမှူး ဦးဆန်းအောင် ၏ သတင်းပို့ချက် အရ ဧပြီ ၁၆ ရက် ည ၇နာရီခွဲ ခန့်တွင် တပ်မတော် မှ တာဝန်ရှိ သူများ ၊ စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များ နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များသည် ရေပူစမ်းသွား ကားလမ်း ဘယ်ဘက်ရှိ လယ်ကွင်းသို့ သွားရောက် ရှာဖွေခဲ့ရာ ကောက်ရိုးပုံ အောက်ခြေမှ တရုတ်နိုင်ငံလုပ် အရှည် ၆ လက်မခန့်ရှိ ၂၀၁၂ - ၂၀၁၃ စာတန်းပါ ပုလင်းပုံ လက်ပစ်ဗုံး ၄ လုံး ၊ M-22 ကျည်အိမ် ၃ ခု ၊ ၄င်းကျည် ၈၈ တောင့် နှင့် စစ်သုံး ချပ်ဝတ်တန်ဆာ တစ်ခုတို့ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ ခဲယမ်းများအား နယ်မြေခံ စစ်မြေပြင် အင်ဂျင်နီယာ တပ်သို့ အပ်နှံ၍ လုပ်ထုံး လုပ်နည်းအတိုင်း ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း နှင့် ၄င်း ခဲယမ်းများကို သင်္ကြန်ကာလ အတွင်း ပြည်သူများ အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်၍ အဖျက် အမှောင့် လုပ်ငန်းများ ပြုလုပ် ထားခြင်း ဖြစ်ကြောင်း တာဝန်ရှီ သူများမှ သုံးသပ် ကြကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment