Pages

Thursday, April 10, 2014

တပ်မတော်၏ လုံခြုံရေး အစောင့်အရှောက်ဖြင့် သန်းခေါင်စာရင်း ကောက်ယူရန် ခက်ခဲသော ကျေးရွာများသို့ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူ


တပ်မတော်၏ လုံခြုံရေး အစောင့်အရှောက်ဖြင့် ကျောက်မဲခရိုင် ကုန်းဆာကျေးရွာ တွင် သန်းခေါင်စာရင်း ကောက်ယူနေသည်ကို တွေ့ရစဉ်

တပ်မတော်၏ လုံခြုံရေး အစောင့်အရှောက်ဖြင့် ဗန်းမော်ခရိုင် စီခမ်းကြီး ကျေးရွာ တွင် သန်းခေါင်စာရင်း ကောက်ယူနေသည်ကို တွေ့ရစဉ်

တပ်မတော်၏ လုံခြုံရေး အစောင့်အရှောက်ဖြင့် ဗန်းမော်ခရိုင် မိုင်းခေါင် ကျေးရွာ တွင် သန်းခေါင်စာရင်း ကောက်ယူနေသည်ကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၀-၄-၂၀၁၄

KIA လက်နက်ကိုင် တပ်ဖွဲ့များ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ဒေသအချို့၌ လူဦးရေ နှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက်ယူရန် ခက်ခဲလျက် ရှိသောကြောင့် တပ်မတော် မှ လုံခြုံရေး အစောင့်အရှောက် များ အကူအညီ ပေး၍ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများအား ဆောင်ရွက် ပေးလျက် ရှိရာ ယမန်နေ့တွင် ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ ဒေါ့ဖုန်းယန် မြို့နယ်ခွဲ အတွင်းရှိ ကျေးရွာ ၄ ရွာမှ ဒေသခံ ပြည်သူ ၈၈ ဦး ၊ နောင်စွမ်း မြို့နယ် အတွင်းရှိ ကျေးရွာ ၄ ရွာမှ ဒေသခံ ပြည်သူ ၅၇၇ ဦး ၊ ပန်ခန်းမြို့နယ် အတွင်းရှိ ကျေးရွာ ၅ ရွာမှ ဒေသခံ ပြည်သူ ၆၂၈ ဦး ပေါင်း ၁၂၉၃ ဦး ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် ၊ မိုင်းလုံမြို့နယ် အတွင်းရှိ ကျေးရွာ ၄ ရွာ မှ ဒေသခံ ပြည်သူ ၆၄၁ ဦး ၊ မန်တုံမြို့နယ် အတွင်းရှိ ကျေးရွာ ၂ ရွာမှ ဒေသခံ ပြည်သူ ၄၆၉ ဦး ၊ ပေါင်း ၁၁၁၀ ဦး စုစုပေါင်း ဒေသခံ ပြည်သူ ၂၄၀၃ ဦးအား လူဦးရေ နှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူ ခဲ့သည်။

အဆိုပါ လူဦးရေ နှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရန် ခက်ခဲလျက် ရှိသော ဒေသများတွင် ဧပြီလ ၃ ရက်မှ ယမန်နေ့ အထိ ဒေသခံ ပြည်သူ ၅၃၃၂၁ ဦးအား တပ်မတော် ၏ လုံခြုံရေး အကူအညီ ရယူ၍ သန်းခေါင်စာရင်း ကောက်ယူရေး အဖွဲ့က လူဦးရေ နှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း များ ကောက်ယူ ခဲ့ကြောင်း နှင့် ၄င်းဒေသ အတွင်းရှိ ကျန်ရှိ နေသေးသော ကျေးရွာများ အားလည်း ဆက်လက် ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment