Pages

Sunday, April 6, 2014

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း မှ သင်္ကြန်အထူး အစီအစဉ် လေယာဉ်လက်မှတ်ခများ လျှော့ချ


ရန်ကုန် ၊ ၆-၄-၂၀၁၄

အပြည်ပြည် ဆိုင်ရာ မြန်မာ့ လေကြောင်း မှ သင်္ကြန် အထူးအစီအစဉ် အနေဖြင့် လေယာဉ် လက်မှတ်ခ များကို ထက်ဝက်နီးပါး လျှော့ချ ထားကြောင်း အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်း MAI မှ ဈေးကွက် နှင့် လူမှု ဆက်ဆံရေး မန်နေဂျာ ဒေါ်အေးမရသာ ထံမှ သိရသည်။

အဆိုပါ လေယာဉ် လက်မှတ်ခ များကို MAI ၏ လေယာဉ် လက်မှတ် အရောင်း ကိုယ်စားလှယ် များထံမှ တွင် လည်းကောင်း ၊ ဆာကူရာ တာဝါ ရန်ကုန်ရှိ MAI လက်မှတ် အရောင်း ကောင်တာ တွင် လည်းကောင်း ၊ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် MAI Check-in ကောင်တာ တွင် လည်းကောင်း လေယာဉ် လက်မှတ်များကို ပိတ်ရက်မရှိ ၀ယ်ယူနိုင်ကြောင်း သိရသည်။

" ကျွန်မတို့ သင်္ကြန် အထူးအစီအစဉ် အနေနဲ့ ရောင်းတာပါ ၊ လက်မှတ် ရောင်းတဲ့ ကာလက မေလ ၃၁ ရက်အထိပါ ၊ အေးဂျင့် တွေဆီက ၀ယ်ရင် ပိုသက်သာ ပါတယ် ၊ အရင်က ရန်ကုန် - ဘန်ကောက် ခရီးစဉ်က USD 230 ကျော်ပါတယ် ၊ အခုက USD 116 ခုနစ်ရက် ခရီးပါ ... " ဟု ၄င်းက ပြောပြ ခဲ့သည်။

လက်မှတ် ဈေးနှုန်းများမှာ ရန်ကုန် - ဘန်ကောက် အသွားအပြန် ၇ ရက် လက်မှတ်ကို USD 166 ၊ ရန်ကုန် - ကွာလာလမ်ပူ အသွား အပြန် ၁၄ ရက် ခရီးကို USD 179 ၊ ရန်ကုန် - စင်ကာပူ အသွား အပြန် ၁၄ ရက် ခရီးကို USD 219 အထိ လျှော့ချ ပေးထားကြောင်း ၊ အဆိုပါ လေယာဉ် လက်မှတ်များကို မေလ ၃၁ ရက် နောက်ဆုံး ထား၍ ၀ယ်ယူနိုင်ပြီး ခရီးစဉ် ကာလမှာ အောက်တိုဘာ ၂၅ ရက်အထိ ဖြစ်ကြောင်း လည်း သိရှိရသည်။ (ဇာညီသစ္စာ)

No comments:

Post a Comment