Pages

Thursday, April 24, 2014

စေတနာ့ဝန်ထမ်း လူထုကျန်းမာရေး လုပ်သားသင်တန်းဖွင့်လှစ်



တောင်ကြီး ၊ ၂၄-၄-၂ဝ၁၄

ရှမ်းပြည်နယ် ကျန်းမာရေး ဦးစီးဌာန နှင့် နမ့်ခုံးရှမ်းများ ပရဟိတ အသင်းတို့မှ ပူးပေါင်း ဖွင့်လှစ် သည့် စေတနာ့ ဝန်ထမ်း လူထု ကျန်းမာရေး လုပ်သားသင်တန်း ပထမအကြိမ် ဖွင့်ပွဲ အခမ်းအနား ကို ဧပြီ ၂၃ နံနက် ၁ဝ နာရီက တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက် မဟာစည်လမ်းရှိ နမ့်ခုံးရှမ်းများ ပရဟိတ အသင်းရုံး ခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းထွဋ်ဦး က အဖွင့် အမှာ စကား ပြောကြားပြီး နမ့်ခုံးရှမ်းများ ပရဟိတ အသင်း ဥက္ကဋ္ဌ ဦးစိုင်းထွန်းမြ က သင်တန်း ဖွင့်လှစ်ရခြင်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် သူနာပြု ဦးစီးအရာရှိ အငြိမ်းစား ဆရာမ ဒေါ်နန်းခင်စော က စေတနာ့ ဝန်ထမ်း လူထု ကျန်းမာရေး လုပ်သား သင်တန်း ဖွင့်လှစ်ရခြင်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ လင်းခေး ၊ မိုင်းရှူး ၊ ကွန်ဟိန်း စသည့် ဝေးလံသော  ကျန်းမာရေး ဦးစီးဌာန၏ လက်လှမ်း မမီသော ဒေသများတွင် စေတနာ့ ဝန်ထမ်း သူနာပြုများ ထားရှိခြင်းဖြင့် ဒေသခံ ပြည်သူများ၏ ကျန်းမာရေး လုပ်ငန်းများကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် ယခု သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းထွဋ်ဦး က လူထု ကျန်းမာရေး လုပ်သားသင်တန်း လက်ဆွဲစာအုပ် နှင့် သင်ရိုးညွှန်တမ်း စာအုပ်များ ပေးအပ်ရာ တာဝန်ရှိ သူများက လက်ခံရယူပြီး နမ့်ခုံးရှမ်းများ ပရဟိတ အသင်းဥက္ကဋ္ဌ မှ ပထမအကြိမ် သင်တန်းဖွင့် အထိမ်းအမှတ် အလံများ  ပေးအပ်ရာ တာဝန်ရှိ သူတို့က လက်ခံ ရယူကြပြီး အလှူရှင် များမှ အလှူငွေများ ပေးအပ် လှူဒါန်း ကြသည်။

အဆိုပါ စေတနာ့ ဝန်ထမ်း လူထု ကျန်းမာရေး လုပ်သားသင်တန်း ကို ပထမအကြိမ် အဖြစ် ဧပြီ ၂၃ ရက်မှ ဇွန် ၂၃ ရက်ထိ ဖွင့်လှစ် သွားမည်ဖြစ်ပြီး သင်တန်းကို အငြိမ်းစား သူနာပြု ဆရာမကြီး ဒေါ်နန်းခင်စော မှ ဦးဆောင်၍ နည်းပြဆရာ ၊ ဆရာမ(၅) ဦးဖြင့် သင်ကြား ပို့ချ သွားမည် ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၆၂)ဦး တက်ရောက်လျှက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment