Pages

Wednesday, April 9, 2014

ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနှင့် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေး




လားရှိုး ၊ ၉-၄-၂ဝ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး နှင့် ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး  စီမံကိန်း အတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ် အစိုးရအဖွဲ့ နှင့် ဂျပန်နိုင်ငံ အခြေစိုက် JICA အဖွဲ့တို့ ပြည်နယ် ဝန်ကြီးချုပ် ရုံးခန်းမ၌ တွေ့ဆုံ ဆွေးနွေး ကြသည်။

ဆွေးနွေးပွဲတွင် JICA အဖွဲ့မှ Mr. Minorn Yoshida က ရှမ်းပြည်နယ် (မြောက်ပိုင်း) ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး (၅)နှစ် ကာလ စီမံကိန်း  အကောင် အထည်ဖော် ဆောင်ရွက် ရာတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနရှိ ဝန်ထမ်း များကို နည်းပညာများ တိုးချဲ့ ပညာပေး၍ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပြီး တောင်သူများ၏ အတွေးအမြင် အပေါ် အခြေခံ၍ အစားထိုး သီးနှံများ ၊ မျိုးစေ့များအား တိကျစွာ ဖော်ထုတ်ပေးခြင်း နှင့် တောင်သူများအား လက်တွေ့ သရုပ်ပြ စိုက်ပျိုးပညာ ပေးခြင်းများ ဆောင်ရွက် သွားမည် ဖြစ်သည်။ 

စီမံကိန်း ဧရိယာများ တွင်လည်း လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး နှင့် ဝင်ငွေ ရရှိရေး လုပ်ငန်း များ တိကျစွာ သတ်မှတ် ဖော်ပြ ပေးမည်ဖြစ်ပြီး စီမံကိန်းရုံးကို ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ တွင် ထားရှိမည် ဖြစ်ကြောင်း ဆွေးနွေး တင်ပြသည်။

ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ် က မွေးမြူရေး လုပ်ငန်းများကို မူဆယ် ၊  နမ့်ခမ်း ၊ ကွက်ခိုင် ဒေသများ တွင် နွား ၊ နွားနောက် ၊ ဝက် ၊ ကြက်များ မွေးမြူရန် ပြည်နယ် အစိုးရအဖွဲ့ မှ စီစဉ် ဆောင်ရွက် ထားကြောင်း ၊ ပလောင်ဒေသ တွင် လက်ဖက် ၊ ကိုးကန့်ဒေသတွင် ပြောင်း နှင့် ကြံ တို့ကို အဓိက စိုက်ပျိုးလျှက် ရှိသည့်အတွက် စီမံကိန်း၏ ရည်ရွယ်ချက် ကို အထောက်အကူ ပြုကြောင်း ၊ ပြည်နယ် အတွင်း သွားလာ နေထိုင်မှု အတွက် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ၊ ပြည်နယ် စိုက်ပျိုးရေး နှင့် မွေးမြူရေး ဝန်ကြီးတို့နှင့် ဆက်သွယ် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။ 


အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် လုံခြုံရေး နှင့် နယ်စပ် ရေးရာဝန်ကြီး ၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ၊ ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် တာဝန် ရှိသူများ ၊ ဂျပန်နိုင်ငံ JICA အဖွဲ့မှ Mr. Minorn Yoshida ဦးဆောင်သော အဖွဲ့ဝင်များ တက်ရောက် ကြောင်း သိရှိရသည်။

No comments:

Post a Comment