Pages

Monday, March 10, 2014

ရန်ကုန်မြို့နယ်ပိုင်းတွင် ကမ္ဘာကျော် Pan Pacific ဟိုတယ် လုပ်ငန်းစု၏ ကိုယ်ပိုင်ဟိုတယ် ဖွင့်လှစ်မည်



ရန်ကုန် ၊ ၁၀-၃-၂၀၁၄

မြန်မာနိုင်ငံ သို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ၀င်ရောက်မှု မြင့်တက် လာခြင်းအပေါ် အာရုံစူးစိုက် လာကြသော ကမ္ဘာကျော် ဟိုတယ် လုပ်ငန်းရှင် များထဲမှ နာမည်ကြီး ဟိုတယ် ၀န်ဆောင်မှု လုပ်ငန်းစု တစ်ခု ဖြစ်သော Pan Pacific Hotel Group သည် ရန်ကုန် မြို့လယ်ပိုင်း တွင် ၄င်း၏ ကိုယ်ပိုင် ဟိုတယ် အသစ်တစ်လုံး ကို ထပ်မံ ဖွင့်လှစ် သွားရန် အစီအစဉ် ရှိကြောင်း အဆိုပါ ဟိုတယ် လုပ်ငန်းစု မှ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

နေပြည်တော် ရှိ Park Royal ဟိုတယ် နှင့် ၁၂ နှစ် သက်တမ်းရှီ ၀န်ဆောင်မှု လုပ်ကိုင်ခွင့် စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး ဟိုတယ် ၀န်ဆောင်မှု လုပ်ငန်း စီမံ ခန့်ခွဲခွင့် ရရှိထားသော Pan Pacific Hotel Group အနေဖြင့် ရန်ကုန်မြို့ တွင်လည်း ၄င်းတို့၏ ကိုယ်ပိုင် ဟိုတယ်ကို ထပ်မံ ဖွင့်လှစ်ရန် စီစဉ်ခြင်း ဖြစ်ပြီး အဆိုပါ ဟိုတယ်ကို ရွှေတောင် လုပ်ငန်းစု၏ ဗိုလ်ချုပ်ဈေးသစ် မြေနေရာတွင် တည်ဆောက် နေသည့် Junction City အဆောက်အအုံ ကြီးတွင် ဖွင့်လှစ်ရန် စီစဉ် ထားကြောင်း သိရသည်။

Pan Pacific Hotel Group ကိုယ်ပိုင် ဟိုတယ် ဖွင့်လှစ်မည့် Junction City ဧရိယာ အတွင်းတွင် အထပ်မြင့် အဆောက်အအုံ ၃ လုံးပါဝင်ပြီး ထို ဧရိယာ တစ်ခုလုံးကို ၂၀၁၈ ခုနှစ်တွင် အပြီးသတ် နိုင်ရေး ကြိုးပမ်းလျက် ရှိကြောင်း နှင့် Pan Pacific မှ ရယူမည့် ဟိုတယ် အခန်းများ အတွက် စင်ကာပူ နိုင်ငံ အခြေစိုက် Pan Pacific လုပ်ငန်းစု နှင့် မြန်မာနိုင်ငံ မှ ရွှေတောင် လုပ်ငန်းစု တို့ ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (ဆောင်းဦး)

No comments:

Post a Comment