Pages

Wednesday, March 26, 2014

မြိတ် တက္ကသိုလ် ကျောင်းသား ကျောင်းသူများက ကော့သောင်း နှင့် ခမောက်ကြီး မြို့နယ် တို့အတွင်း အခြေခံ စာတတ်မြောက်ရေး သင်တန်း သင်ကြားပို့ချ ပေးမည်





မြိတ် ၊ ၂၆-၃-၂၀၁၄

တနင်္သာရီတိုင်း ဒေသကြီး ၊ မြိတ်မြို့၊ မြိတ် တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ ဦးဆောင်ပြီး ကော့သောင်း မြို့နယ် နှင့် ခမောက်ကြီး မြို့နယ် အတွင်းရှိ ရပ်ကွက် ကျေးရွာ များတွင် အခြေခံ စာတတ် မြောက်ရေး သင်တန်း သင်ကြား ပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေခံ စာတတ် မြောက်ရေး သင်ကြား ပေးမည့် မြိတ် တက္ကသိုလ် ဘာသာရပ် ပေါင်းစုံမှ ကျောင်းသား ကျောင်းသူ (၁ဝ၉)ဦး တို့ကို နေပြည်တော် ဗဟိုအဆင့် အခြေခံ စာတတ် မြောက်ရေး နည်းပြ သင်တန်း ဆင်းပြီးသူ မြိတ် တက္ကသိုလ် ဓာတုဗေဒ ဌာနမှ လက်ထောက် ကထိက ဦးထွန်းဦး နှင့် သင်္ချာဌာန လက်ထောက် ကထိက ဦးကြည်ဝင်း တို့က မတ် ၁၃ ရက်နေ့တွင် မြိတ် တက္ကသိုလ် ၌ ဆင့်ပွား သင်တန်းအား ပို့ချ ပေးခဲ့ကြောင်း သိရသည်။

အခြေခံ စာတတ် မြောက်ရေး သင်တန်း သင်ကြား ပို့ချပေးမည့် မြိတ် တက္ကသိုလ် ဘာသာရပ် ပေါင်းစုံမှ ကျောင်းသား ကျောင်းသူ (၁ဝ၉)ဦးနှင့် အုပ်ချုပ်သူ (၁၁)ဦး တို့က ဧပြီလ ၁ ရက်နေ့မှ မေ ၁၅ ရက်နေ့ထိ (၄၅)ရက်ကြာ ကော့သောင်း မြို့နယ် အတွင်း ရပ်ကွက် ကျေးရွာ(၄၇)ခု နှင့် ခမောက်ကြီး မြို့နယ် အတွင်းရှိ ရပ်ကွက် ကျေးရွာ(၁ဝ)ခု စုစုပေါင်း ရပ်ကွက် ကျေးရွာ (၅၇)ခု တို့တွင် ဒေသခံ ရပ်ကွက် ကျေးရွာ သင်တန်း ကြီးကြပ်မှု ကော်မတီ မှ ဒေသခံနည်းပြ (၁ဝ၉) နှင့် မြိတ် တက္ကသိုလ် ကျောင်းသား ကျောင်းသူ (၁ဝ၉) ဦးတို့နှင့် ပူးပေါင်း၍ စာသင်ဝိုင်း တစ်ဝိုင်းတွင် သင်တန်းသား (၁ဝ)ဦး၊ ဒေသခံ နည်းပြတစ်ဦး၊မြိတ် တက္ကသိုလ်မှ တစ်ဦးစီဖြင့် စာသင်ဝိုင်း (၁ဝ၉)ဝိုင်း တွင် သင်ယူမည့် သင်တန်းသား စုစုပေါင်း (၁ဝ၉ဝ)ဦး တို့အား သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာတတ် မြောက်ရေး သင်တန်း သင်ကြား ပို့ချပေးမည့် မြိတ် တက္ကသိုလ်မှ အုပ်ချုပ်သူ ဆရာ ဆရာမ (၁၁)ဦး နှင့် ကျောင်းသား ကျောင်းသူ (၁ဝ၉)ဦးတို့ ခရီးစရိတ် နှင့် စားသောက်ရေး တို့ကို ပညာရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ပညာရေး သုတေသန ဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက် ပေးမည် ဖြစ်ပြီး ၊ တည်းခို နေရာချထား မှုကို ကော့သောင်း မြို့နယ် နှင့် ခမောက်ကြီး မြို့နယ် ရပ်ကွက်၊ ကျေးရွာ သင်တန်း ကြီးကြပ်မှု ကော်မတီ တို့မှ တာဝန်ယူ စီစဉ်ပေးမည် ဖြစ်ကြောင်း မြိတ်တက္ကသိုလ် မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။

No comments:

Post a Comment