Pages

Thursday, March 20, 2014

မြန်မာနိုင်ငံ အနေဖြင့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် အရ အခွန် ၈၀ ရာခိုင်နှုန်း အထိ လျှော့ပေးထား



ရန်ကုန် ၊ ၂၀-၃-၂၀၁၄

မြန်မာနိုင်ငံ သည် အာဆီယံ အဖွဲ့ဝင် နိုင်ငံ ဖြစ်သောကြောင့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီ ချက်အရ အခွန် ၈၀ ရာခိုင်နှုန်း အထိ လျှော့ပေး ထားကြောင်း အကောက်ခွန် ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက် အရ သိရသည်။

လက်ရှိ အချိန်တွင် အကောက်ခွန် သက်သာခွင့် ပြုထားသော ကုန်ပစ္စည်း အမျိုးအစား ပေါင်း ၉၅၅၈ မျိုးရှိပြီး ယင်းအနက် အခွန် သုည ရာခိုင်နှုန်း အထိ လျှော့ချထားသော ကုန်ပစ္စည်း ၃၈၀ မျိုး ၊ ၁ ရာခိုင်နှုန်း သာ ကောက်ခံသော ကုန်ပစ္စည်း ၁၂၁၉ မျိုး နှင့် ၄၀ ရာခိုင်နှုန်း အထိ ကောက်ခံသော ကုန်ပစ္စည်း ၅၀ မျိုး ရှိကြောင်း ၊ အကောက်ခွန် ကောက်ခံ ရာတွင် သုည မှ ၄၀ ရာခိုင်နှုန်း အထိ သတ်မှတ် ထားသကဲ့သို့ ကုန်သွယ် လုပ်ငန်းခွန် ကို များသော အားဖြင့် ၅ ရာခိုင်နှုန်း ကောက်ခံကြောင်း သိရသည်။

အဆိုပါ အကောက်ခွန် ရှင်းလင်း ကောက်ခံခြင်း နှင့် ပတ်သက်၍ ရိုးရိုး သွင်းကုန် ယာယီခွင့်ပြုချက် ဖြင့် သွင်းကုန်နှင့် Drawback System ဟူ၍ ၃ မျိုးရှိသည်။ ယင်းတို့ အနက် ယာယီ ခွင့်ပြုချက် နှင့် တင်သွင်းသော သွင်းကုန်များ ၊ တစ်နှစ်တာ ကာလ အတွက် တင်သွင်း ခွင့်ပြု ထားသော ပညာရပ် လုပ်ငန်းသုံး ပစ္စည်းများ ၊ ထုတ်လုပ်မှု လုပ်ငန်းသုံး ပစ္စည်းများ ၊ ပညာရေး ကဏ္ဍသုံး ပစ္စည်းများ ၊ သိပ္ပံ ပညာရပ် နှင့် ယဉ်ကျေးမှု ဆိုင်ရာ ပစ္စည်းများ ၊ ခရီးသွား လုပ်ငန်း မြှင့်တင်ရေး ပစ္စည်းများ ၊ ဆေးရုံသုံး ခွဲစိတ်ရေး ကိရိယာများ ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

အာဆီယံ ဒေသတွင်း နိုင်ငံများ နှင့် ကုန်သွယ်မှု ပြုရာတွင် ၂၀၁၅ ခုနှစ်တွင် အကောက်ခွန် ၏ ၉၇ ရာခိုင်နှုန်း ကို ပယ်ဖျက် ပေးသွားမည် ဖြစ်ပြီး ကုန်ပစ္စည်းများ တင်သွင်းမည် ဆိုပါက သွင်းကုန် ပါမစ် နှင့် အကောက်ခွန် ဆောင်စရာ မလိုဘဲ တင်သွင်းခွင့် ရှိကြောင်း ၊ ယင်းကဲ့သို့ တင်သွင်းမှု များတွင် စီးပွားရေး အကျိုးအမြတ် ဖြင့် တင်သွင်းသော ပစ္စည်းများ မဖြစ်ရန် လိုအပ်ကြောင်း လည်း သိရှိရသည်။ (စိုးမိုး)

No comments:

Post a Comment