Pages

Wednesday, March 26, 2014

၂၀၁၄ ခုနှစ်အတွင်း ယူနိုက်တက် အမရဘဏ်မှ ဘဏ်ခွဲ ၁၇ ခု ဖွင့်လှစ်မည်


ယူနိုက်တက်အမရဘဏ် ၏ ဖွင့်လှစ်ပြီးဘဏ်ခွဲတစ်ခုကို တွေ့ရစဉ်

ရန်ကုန် ၊ ၂၆-၃-၂၀၁၄

မြန်မာနိုင်ငံ ရှိ ဘဏ်လုပ်ငန်း ဆောင်ရွက်ခြင်း များတွင် အများပြည်သူ တို့အတွက် ၀န်ဆောင်မှု ပေးနေသော ဘဏ်တစ်ခု ဖြစ်သည့် ယူနိုက်တက် အမရဘဏ် မှ ယခုနှစ်အတွင်း ဘဏ်ခွဲပေါင်း ၁၇ ခု ထပ်မံ တိုးချဲ့ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

ယူနိုက်တက် အမရဘဏ် သည် ပြည်တွင်းရှိ ဘဏ်လုပ်ငန်း ၀န်ဆောင်မှု ပေးရာ ဘဏ်များထဲတွင် တစ်ခု အပါအ၀င် ဖြစ်ပြီး ဖွင့်လှစ်သည့် သက်တမ်းမှာ ၃ နှစ်ကျော်မျှသာ ရှိသေးသော ဘဏ်တစ်ခု ဖြစ်သော်လည်း ငွေကြေး ကိစ္စ အပ်နှံ ဆောင်ရွက်မှုမှာ ကျပ်ငွေ ဘီလီယံ ၃၀၀ ကျော် ၀န်းကျင်ခန့် အပ်နှံမှု ရှိနေ၍ တိုးတက်မှု ရှိသော ဘဏ်လုပ်ငန်း တစ်ခုဖြစ်ပြီး နိုင်ငံတကာ မှ International Correspondent ဘဏ် ၆၅ ခုနှင့် ချိတ်ဆက် ထားကြောင်း ယူနိုက်တက် အမရဘဏ် ၏ Directory of Treasury Department ဖြစ်သူ ဦးဇော်လင်းအောင် က ပြောကြား ခဲ့သည်။

မကြာမီ ထပ်မံ ဖွင့်လှစ်မည့် ဘဏ် ၁၇ ခုနှင့် လက်ရှိ လုပ်ငန်း ၀န်ဆောင်မှု ပေးနေသော ဘဏ် ၂၆ ခု စုစုပေါင်း ဘဏ်ခွဲပေါင်း ၄၃ ခုတို့ဖြင့် ယခုနှစ်အတွင်း ၌ ဘဏ်လုပ်ငန်း ကိစ္စ အ၀၀ကို ဆောင်ရွက် ပေးမည်ဖြစ်ပြီး UAB ဘဏ်၏ ATM ၀န်ဆောင်မှုကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ တွင် စတင်ခဲ့ပြီး လက်ရှိတွင် ATM ငွေထုတ်စက် အလုံးရေ ၄၃ လုံးကို တပ်ဆင် ထားပြီး ထပ်မံ၍ ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် နှင့် တခြား မြို့ကြီး များ၌ အလုံး ၇၀ ၀န်းကျင် ထပ်မံ တပ်ဆင် ပေးသွားမည် ဖြစ်ကာ တိုးချဲ့ ဖွင့်လှစ်မည့် ဘဏ်များမှာ ရန်ကုန်တွင် ဘဏ်ခွဲ ၆ ခု ၊ မန္တလေးတွင် ဘဏ်ခွဲ ၆ ခု နှင့် တခြား မြို့ကြီးများတွင် ဘဏ်ခွဲ ၅ ခု စုစုပေါင်း ဘဏ်ခွဲ ၁၇ ခုကို ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။ ( မိုးအောင် )

No comments:

Post a Comment