Pages

Monday, March 31, 2014

အောင်မြင်ခြင်း ပန်းတိုင်ဆီသို့


အောင်မြင်ခြင်း ပန်းတိုင်ဆီသို့

လူတိုင်းသည် မိမိတို့၏ ဆန္ဒအရ ဆောင်ရွက်မှု တိုင်းတွင် အောင်မြင်ခြင်း ဟူသည့် ပန်းတိုင်ကို အရောက်လှမ်း ကြရမည် ဖြစ်သည်။ ပညာရေး၊ စီးပွားရေး၊ အသက်ရှည် ကျန်းမာရေး ဟူသည့် ပန်းတိုင် အသီးသီးကို မျှော်မှန်းကာ အောင်မြင်မှု ရရှိရေး ကြိုးပမ်း ကြရပါမည်။ လိုရာ ပန်းတိုင်သို့ ရောက်ရှိရန်မှာ စိတ်ကူး ဆန္ဒရှိရုံ ဖြင့်မပြီး၊ ကျော်ဖြတ် ရမည့် နည်းလမ်း အသွယ်သွယ် တို့ကို သိရှိကာ စနစ်တကျ ကျော်ဖြတ် နိုင်ရန် ကြိုးပမ်း ကြရမည် ဖြစ်သည်။ နည်းလမ်းများစွာ အနက် ဦးစွာ ကျင့်သုံးရမည့် နည်းလမ်းမှာ မိမိ ရောက်လိုရာ ပန်းတိုင်ကို စိတ်တွင် ပိုင်းဖြတ် နိုင်ရမည်။

ထို့နောက် ရည်ရွယ်ချက် ပန်းတိုင်သို့ မည်သို့ မည်ပုံ သွားမည်ကို နည်း ဗျူဟာဖြင့် စီမံချက်ချ လုပ်ကိုင် ဆောင်ရွက်ရန် လိုအပ်သည်။ အကြောင်းအရာ နှင့် အချိန် ကာလပေါ် မူတည်ကာ တစ်ဆင့်ချင်း ဆောင်ရွက်ရန်၊ စီမံချက် ထားရှိ ရပေမည်။ ထို စီမံချက်တွင် မိမိ လျှောက်လှမ်း ရမည့် ရည်မှန်းချက် ပန်းတိုင်သို့ သွားရမည့် လမ်းကြောင်းကို ပုံသေ တစ်သတ်မှတ် တည်း မထားဘဲ လမ်းကြောင်း အမျိုးမျိုးကို စဉ်းစား တွက်ချက်ပြီး အပြစ် အနည်းဆုံးနှင့် အကျိုးများစွာ ရရှိမည့် လမ်းကြောင်း ကိုသာ ဖော်ထုတ် ရွေးချယ်၍ လျှောက်လှမ်း ရမည် ဖြစ်သည်။

ထို့ပြင် မိမိ လျှောက်လှမ်း သော ခရီးသည် မှန်ကန်သည်ဟု မိမိကိုယ်တိုင် ယုံကြည်ချက် ဖြင့် မဆုတ်မနစ် လုပ်ဆောင်ပြီး မည်မျှပင် ဟန့်တား နှောင့်ယှက် သည်ဖြစ်စေ ပန်းတိုင်ဆီသို့ မရောက် ရောက်အောင် လျှောက်လှမ်း ရမည် ဖြစ်သည်။

ထိုသို့ မဟုတ်ဘဲ အနှောင့်အယှက်၊ ဆူးငြှောင့် ခလုတ် အဖျက်အဆီးများ မလွဲမသွေ ရင်ဆိုင် ကြုံတွေ့ ခဲ့လျှင်လည်း ဖြစ်ပေါ်လာသည့် အခက်အခဲ အကျပ်အတည်း များကို မဆုတ် မရွံ့သော စိတ်ဓာတ် ထားကာ ရင်ဆိုင် ဖြေရှင်း ရမည် ဖြစ်ပေသည်။

မိမိ လျှောက်လှမ်းသော လမ်းခရီးသည် အစဉ်အမြဲ ဖြောင့်ဖြူး နေမည် မဟုတ်ပေ။ အကွေ့ အကောက်၊ အတက်အဆင်း နှင့် အနှောင့်အယှက် အတားအဆီး များ၊ ဆူးငြောင့် ခလုတ်များ ရှိမည် ဖြစ်ရာ ကြိုတင် တွေးဆ ထားရန်နှင့် အောင်မြင်စွာ ကျော်ဖြတ်မည် ဟူ၍လည်း ဆုံးဖြတ်ထား ရန်လို ပေသည်။

ယုံကြည်မှုသည် တောင်များ ကိုပင် ရွေ့သွား နိုင်စေ သည်ဟု ဆိုစကား ရှိသည့် အတိုင်း မိမိသည် ရောက်လိုသည့် ပန်းတိုင်သို့ အခက်အခဲ မှန်သမျှကို ကျော်ဖြတ် နိုင်ရမည်ဟု ယုံကြည်ချက် ထားပြီး ဇွဲ၊ လုံ့လ၊ ဝီရိယ ရှေ့ထားကာ စိတ်ရှည် သည်းခံ ကြိုးပမ်းခြင်း၊ ဝါယမ စိုက်ထုတ်ခြင်း အစဉ်အမြဲ နိုးကြားခြင်း ဟူသည့် စိတ်ဓာတ် ရေးရာ ကြံ့ခိုင်မှုဖြင့် လျှောက်လှမ်း ရမည် ဖြစ်ပေသည်။

သို့ဖြစ်ရာ အောင်မြင်မှု ရည်မှန်းချက် ပန်းတိုင်သို့ လျှောက်လှမ်း နေခြင်းသည် လှေကားထစ် များကို တစ်ထစ်ချင်း တက်လှမ်း နေခြင်း ဖြစ်သောကြောင့် လှေကား တစ်ထစ်ချင်း ဆီသို့ တက်လှမ်း လေတိုင်း မိမိ၏ စိတ်တွင် အောင်မြင်ခြင်း ပန်းတိုင် ဆီသို့ ရောက်ရမည် ဟု ရည်မှန်းချက် ထားကာ ကြိုးပမ်း သွားသင့် ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment