Pages

Tuesday, March 18, 2014

မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ် အရာရှိလောင်း ဒီပလိုမာသင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်း



ရန်ကုန် ၊ ၁၈-၃-၂၀၁၄

ပို့ဆောင်ရေး ၀န်ကြီးဌာန ၊ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ် အရာရှိလောင်း ဒီပလိုမာ သင်တန်း အမှတ်စဉ်(၆) သင်တန်း ဆင်းပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၇ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ၊ ကမာရွတ် မြို့နယ်ရှိ အဆိုပါ ကောလိပ် စစ်ရေးပြကွင်း ၌ ကျင်းပ ခဲ့သည်။

အခမ်းအနား တွင် ပို့ဆောင်ရေး ၀န်ကြီးဌာန ၊ ဒုတိယ၀န်ကြီး ဦးဟံစိန် က အရာရှိလောင်း ဒီပလိုမာ သင်တန်း အမှတ်စဉ်(၆) တွင် ဆုရရှိ ကြသည့် အရာရှိလောင်း များအား ဆုများ အသီးသီး ပေးအပ်ပြီး သင်တန်းဆင်း မိန့်ခွန်း ပြောကြား ရာတွင် ကုန်သွယ်ရေကြောင်း ကဏ္ဍ အစဉ် ဖွံ့ဖြိုး တိုးတက်ရန် အရေးကြီး ဆုံးသော အချက်တစ်ခု မှာ မျိုးဆက်သစ် များကို အစီအမံ ရှိရှိ စနစ်တကျ ပြုစု ပျိုးထောင်ရေး ကို လူသား အရင်းအမြစ် ပြုစု ပျိုးထောင်ရေး ဌာနများ ဖွင့်လှစ်ပြီး အလေးထား ဆောင်ရွက်လျက် ရှိကြောင်း ၊ အရည်အသွေး ပြည့်ဝတဲ့ နိုင်ငံတကာ အဆင့်မီ ရေယာဉ်မှူး ကြီးများ ၊ အင်ဂျင်နီယာ မှူးကြီးများ အဖြစ် ပြုစု ပျိုးထောင် ပေးနိုင်ခြင်း ဖြင့် ကျောင်း၏ ဂုဏ်ကို မြှင့်တင် နိုင်ခဲ့ခြင်းသည် နိုင်ငံတော်၏ ရေကြောင်း ပို့ဆောင်ရေး ကဏ္ဍအတွက် အခြေခံ အကျဆုံး အမျိုးသားရေး လိုအပ်ချက် တစ်ရပ်ကို ဖြည့်ဆည်း ပေးနေခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အဆိုပါ အရာရှိလောင်း ဒီပလိုမာ သင်တန်း အမှတ်စဉ်(၆) တွင် ဒီပလိုမာ လက်မှတ်ရ အရာရှိလောင်း ၇၁ ဦး နှင့် ရေကြောင်း အင်ဂျင်နီယာ အရာရှိလောင်း ၈၅ ဦးတို့ သင်တန်း တက်ရောက် အောင်မြင် ခဲ့ကြောင်း သိရှိရသည်။ ( ကောင်းစစ်နိုင်)

No comments:

Post a Comment