Pages

Monday, February 10, 2014

တပ်မတော် (ကြည်း ၊ ရေ ၊ လေ ) စစ်တီးဝိုင်းပြိုင်ပွဲ ပထမနေ့ ယှဉ်ပြိုင်


(၆၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၁) ကြိမ်မြောက် တပ်မတော် (ကြည်း ၊ ရေ ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲ ပထမနေ့ ပြိုင်ပွဲတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်တီးဝိုင်း တပ်ခွဲ ယှဉ်ပြိုင်စဉ်


(၆၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၁) ကြိမ်မြောက် တပ်မတော် (ကြည်း ၊ ရေ ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲ ပထမနေ့ ပြိုင်ပွဲတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်တီးဝိုင်း တပ်ခွဲ ယှဉ်ပြိုင်စဉ်

နေပြည်တော် ၊ ၁၀-၂-၂၀၁၄

(၆၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၁) ကြိမ်မြောက် တပ်မတော် (ကြည်း ၊ ရေ ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲ ပထမနေ့ ယှဉ်ပြိုင်မှု ကို ယမန်နေ့ နံနက် ၇ နာရီတွင် နေပြည်တော် ရှိ တည်းခိုရေး စခန်း စစ်ရေးပြကွင်း ၌ ကျင်းပရာ အခမ်းအနား သို့ တပ်မတော် (ကြည်း ၊ ရေ ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဒုတိယ ဥက္ကဋ္ဌ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် သန်းစိုး တက်ရောက် ကြည့်ရှု အားပေး ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် စစ်တက္ကသိုလ် ကိုယ်စားပြု စစ်တီးဝိုင်း တပ်ခွဲ ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်တီးဝိုင်း တပ်ခွဲ နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်တီးဝိုင်း တပ်ခွဲတို့ အသီးသီး ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment