Pages

Thursday, February 13, 2014

တပ်မတော်စစ်ကြောင်း များမှ ဗန်းမော်မြောက်ဘက် ဒေသတွင် တရားမ၀င် သစ်များ ဖမ်းဆီးရမိ


တပ်မတော် စစ်ကြောင်းများမှ ဗန်းမော်မြောက်ဘက်ဒေသ တွင် 
တရားမ၀င်သစ်များ ဖမ်းဆီးရမိမှုပြမြေပုံ

နေပြည်တော် ၊ ၁၃-၂-၂၀၁၄

အမိ နိုင်ငံတော်သည် သဘာဝက လက်ဆောင် ပေးထားသော မြေပေါ် မြေအောက်၊ ရေပေါ် ရေအောက် သယံဇာတ အရင်းအမြစ် များ ပေါကြွယ်ဝ သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ သို့သော် ပြည်တွင်း လက်နက်ကိုင် သောင်းကျန်းမှု ပြဿနာ သက်ဆိုး ရှည်ကြာ ခဲ့ရသော နိုင်ငံဖြစ်၍ နိုင်ငံတော်၏ တရား ဥပဒေ စိုးမိုးမှု မရှိသော နေရာများမှာ ကိုယ်ကျိုးရှာ ဝိသမ လောဘသား တို့၏ စားကျက်မြေ နေရာများ ဖြစ်ခဲ့ရပြီး နိုင်ငံတော်၏ အဖိုးတန် သဘာဝ အရင်းအမြစ် များစွာ ဆုံးရှုံး ပျက်စီး ခဲ့ရသလို တိုင်းပြည် ဖွံ့ဖြိုးရေး အတွက် အသုံး ပြုရမည့် ဘဏ္ဍာငွေ အမြောက် အမြားလည်း ဆုံးရှုံး ခဲ့ရပေသည်။

တပ်မတော် စစ်ကြောင်းများ အနေဖြင့် အမိ နိုင်ငံတော် လုံခြုံရေး နှင့် အမျိုးသား အကျိုးစီးပွား ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ ကို တိုးမြှင့် လုပ်ဆောင် လာရာတွင် မြန်မာနိုင်ငံ (မြောက်ပိုင်း) ကချင်ပြည်နယ် ဒေသရှိ တစ်ဖက် နိုင်ငံနှင့် ဆက်စပ် နေသော နယ်မြေများတွင် တရားမဝင် သစ်ခိုးထုတ်မှု များစွာကို ဖော်ထုတ် တွေ့ရှိ ခဲ့သည်။ တစ်ဖက် နိုင်ငံသို့ ခိုးထုတ်ရန် ပြင်ဆင် ထားသော အဖိုးတန်သစ် များနှင့် လုပ်ငန်းသုံး ယာဉ်ယန္တရား များကို နိုင်ငံ့ဘဏ္ဍာ အဖြစ် သိမ်းဆည်း နိုင်ခဲ့ပြီး တရားမဝင် ခိုးဝင်လာသော တစ်ဖက် နိုင်ငံသား သစ်ကုန်သည် များကိုလည်း ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့သည်။

သိမ်းဆည်းရမိ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ၊ အသုံးအဆောင် ပစ္စည်းများအား တွေ့ရစဉ်

သိမ်းဆည်း ရမိ သစ်လုံးများအား တွေ့ရစဉ်

တရားမဝင် သစ်ဖော်ထုတ် ဖမ်းဆီးသည့် အဖွဲ့များကို ကေအိုင်အေ သောင်းကျန်းသူ အဖွဲ့မှ ပစ်ခတ် နှောင့်ယှက်မှုများ၊ ခြိမ်းခြောက် မှုများ ရှိလာသဖြင့် တပ်မတော် စစ်ကြောင်း များမှ လုံခြုံရေး လိုက်ပါ ဆောင်ရွက်ပေး နေရသည်။ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက် ညနေ ၄ နာရီ ၃၅ မိနစ်တွင် ဂျာအင်ယန်ရွာ အနီး ခန့်မှန်း မြေပုံညွှန်း ( အယ်လ်အိပ်ခ်ျ- ၂၂၃၄ဝဝ) သို့ တပ်မတော် စစ်ကြောင်းများ ရောက်ရှိခိုက် ကေအိုင်အေ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ မှ စောင့်ကြို ပစ်ခတ် သဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ ရသည်။

ကေအိုင်အေ အဖွဲ့များ ဆုတ်ခွာရာ လမ်းကြောင်း အတိုင်း တပ်မတော် စစ်ကြောင်းမှ လိုက်လံ ရှင်းလင်းခဲ့ရာ ခန့်မှန်း မြေပုံညွှန်း ( အယ်လ်အိပ်ခ်ျ- ၂၂ဝ၄ဝဝ ) သို့ ရောက်ရှိစဉ် ကေအိုင်အေ အဖွဲ့နှင့် ထပ်မံထိတွေ့ တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။ ည ၆ နာရီ မိနစ် ၂ဝ ခန့်တွင် ကေအိုင်အေ အဖွဲ့များ သစ်ပုံဆိပ် အနောက်ဘက် သို့ ဆုတ်ခွာ သွားသဖြင့် တိုက်ပွဲပြီး ဆုံးခဲ့သည်။

တိုက်ပွဲ ဖြစ်စဉ်တွင် ကေအိုင်အေ ဘက်မှ ထိခိုက် ကျဆုံးမှု စိစစ်ဆဲ ဖြစ်ပြီး တပ်မတော် မှ စစ်သည်တစ်ဦး လက်နက်ငယ် ထိမှန်၍ ဒဏ်ရာ ရရှိခဲ့သည်။ တိုက်ပွဲ ဖြစ်ပွားရာ နေရာ တစ်ဝိုက် ရှင်းလင်းရာ တွင် ကျွန်းနှင့် တမလန်း သစ်များ ရောရာ သစ်မျိုးစုံ ခန့်မှန်းတန် ၁ဝဝဝ ခန့်အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်တွင် တပ်မတော် စစ်ကြောင်းမှ ခန့်မှန်း မြေပုံညွှန်း (အယ်လ်အိပ်ခ်ျ- ၂၅ဝ၄၁၈) တွင် ကေအိုင်အေ အဖွဲ့ မှ ထောင်ချောက်ဆင် ထားသော တိုက်မိုင်း တစ်လုံးအား ဖြုတ်ယူ နိုင်ခဲ့သည်။

ဆက်လက် ရှင်းလင်းရာ တွင် ခန့်မှန်း မြေပုံညွှန်း (အယ်လ်အိပ်ခ်ျ- ၂၄၇၄၁၅) သို့ ရောက်ရှိစဉ် ကေအိုင်အေ သောင်းကျန်းသူ များနှင့် ထပ်မံ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တပ်မတော် စစ်ကြောင်းမှ စနစ်တကျ ဆက်လက် ရှင်းလင်းခဲ့ရာ ဆုတောင်းကုန်း ခန့်မှန်းမြေပုံညွှန်း (အယ်လ်အိပ်ခ်ျ- ၂၄၁၄၁၅) တွင် သစ်မှောင်ခို အဖွဲ့များအား အကာအကွယ် ပေးသည့် ကေအိုင်အေ အဖွဲ့ ယာယီ အခြေပြု လူ၁၅ ဦးခန့် နေထိုင် နိုင်သော သွပ်မိုးတဲ တစ်လုံး၊ သစ်လုံး ခေါင်ကတုတ် သုံးလုံးနှင့် ပစ်ကျင်းများ တွေ့ရှိခဲ့သည်။

တပ်မတော် စစ်ကြောင်းများမှ သတင်း ကွင်းဆက် အရ ဆက်လက် ရှင်းလင်းခဲ့ရာ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၈ နာရီ ခန့်၌ ခန့်မှန်း မြေပုံညွှန်း (အယ်လ်အိပ်ခ်ျ- ၂၁၅၄၁၂) သို့ ရောက်ရှိစဉ် ယန်ဖောင်း ယာဉ်သုံးစီး (သစ်တင်ပြီး)၊ သရီးကရောင်း ယာဉ်၁၂ စီး (သစ်တင်ပြီး)၊ ပါဂျဲရိုးယာဉ် တစ်စီး၊ ဆိုင်ကယ် နှစ်စီး၊ တမလန်းသစ် တန် ၁ဝဝ ခန့် (ယာဉ်ပေါ် တင်ထားပြီး) သိမ်းဆည်း ရမိ ခဲ့သည်။

ခန့်မှန်း မြေပုံညွှန်း (အယ်လ်အိပ်ခ်ျ- ၂၁၈၄ဝ၉) သို့ ရောက်ရှိစဉ် တဲတစ်လုံး အတွင်းမှ ကျောပိုးအိတ် နှစ်လုံးဖြင့် ထည့်ထားသော မိုင်းနှင့် ခဲယမ်း ဆက်စပ် ပစ္စည်းများ၊ သစ်တင် ကရိန်းယာဉ် နှစ်စီး၊ သရီးကရောင်း ယာဉ် ခုနစ်စီး၊ Remote လေးခု၊ Remote Circuit ၁၆ ခု၊ AC-DC မီတာတိုင်းစက် တစ်ခု၊ တရုတ် လက်ပစ်ဗုံး နှစ်လုံး၊ ယမ်းတုံး ခြောက်တုံး၊ အစိတ် ၆ဝ တိုက်မိုင်း တစ်လုံး၊ လျှပ်စစ် စနက်တံ ငါးခု၊ ကေအိုင်အေ ယူနီဖောင်း တစ်စုံ၊ ကေအိုင်အေ လက်မောင်း တံဆိပ် ၁၆ စုံ၊ တမလန်း သစ် ၃ဝဝ တန်ခန့် (သရီးကရောင်း ယာဉ် ခြောက်စီး ပေါ်ရှိ သစ်များအပါ ) တို့အား သိမ်းဆည်း ရမိခဲ့သည်။

ညနေ ၄ နာရီခွဲ ခန့်တွင် ပတ်ဝန်းကျင် နယ်မြေ တစ်ဝိုက် ဆက်လက် ရှင်းလင်းစဉ် သစ်တင်ကရိန်း ယာဉ်တစ်စီး၊ သရီးကရောင်း ယာဉ် ၁၉ စီးနှင့် ၄င်းယာဉ်များ ပေါ်တွင် တင်ဆောင် ထားသော တမလန်း သစ် ၁၇ဝ တန်ခန့် ထပ်မံသိမ်းဆည်း ရမိခဲ့သည်။ 

တပ်မတော် စစ်ကြောင်းများ အနေဖြင့် ဖေဖော်ဝါရီ ၁ဝ ရက်တွင် စုစုပေါင်း ဖော်ထုတ် သိမ်းဆည်း ရမိမှု အနေဖြင့် သစ်တင် ကရိန်းယာဉ် သုံးစီး၊ သစ်တင်ယာဉ် ၄၁ စီး၊ ပါဂျဲရိုးယာဉ် တစ်စီး၊ ဆိုင်ကယ် နှစ်စီး၊ ကျွန်း နှင့် တမလန်းသစ် ၁၅၇ဝ တန်ခန့် သိမ်းဆည်း ရမိခဲ့သည်။

အထက်ပါ သိမ်းဆည်း ရမိမှု ဖြစ်စဉ်များ တွင် ကေအိုင်အေ သောင်းကျန်းသူ အဖွဲ့ မှ သစ်ပုံများတွင် မိုင်းများ ထောင်ထား သဖြင့် တပ်မတော် စစ်ကြောင်းများမှ စနစ်တကျ ရှင်းလင်း ဖယ်ရှား ခဲ့ရသည်။ ကေအိုင်အေ အဖွဲ့မှ သစ်ပုံတွင် မိုင်းများ ပေါက်ကွဲပါက ထပ်ဆင့် ပေါက်ကွဲ မီးလောင်ကျွမ်း စေရန် ဓာတ်ဆီပုံး များကို အပေါက် ဖောက်ထား ခြင်းများလည်း တွေရှိ ဖယ်ရှား ခဲ့ရသည်။

ကေအိုင်အေ အဖွဲ့များမှ တရားမဝင် သစ်ခိုးထုတ်မှု များတွင် ပါဝင် ပတ်သက် အကာအကွယ် ပေးသည့် သဘောဖြင့် တာဝန် ထမ်းဆောင် နေသော တပ်မတော် စစ်ကြောင်းကို ပြောင်ပြောင် တင်းတင်း နှောင့်ယှက် ပစ်ခတ် မိုင်းထောင်ခြင်း များ ပြုလုပ် လာခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ ရခြင်း ဖြစ်သည်။

ကေအိုင်အေ သောင်းကျန်းသူ အဖွဲ့များ ကိုယ်ကျိုး အတ္တ အတွက် တရားမဝင် သစ်ခိုးထုတ် သူများနှင့် ပတ်သက် နှီးနွှယ်ပြီး တပ်မတော် စစ်ကြောင်းများ ကို ထိပါးတိုက်ခိုက် နေခြင်းမှာ နိုင်ငံတော်မှ ရှေ့ဆက်သွား နေသည့် ငြိမ်းချမ်းရေး လမ်းစဉ်ကို ထိပါး နှေးကွေး စေနိုင်သဖြင့် ဒေသခံ ပြည်သူများမှ ကေအိုင်အေ သောင်းကျန်းသူ အဖွဲ့များ၏ လုပ်ရပ်များ အပေါ် ဆန့်ကျင် ကန့်ကွက် လျက်ရှိကြောင်း သိရှိရသည်။




ဖမ်းဆီးရမိသစ် နှင့်သစ်တင်ယာဉ်များအား တွေ့ရစဉ်

No comments:

Post a Comment