Pages

Monday, February 3, 2014

ဧရာဝတီတိုင်း ဒေသကြီး မြို့နယ်ပေါင်းစုံ ကာယဗလမောင် နှင့် အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ



ထားဝယ် ၊ ၃-၂-၂၀၁၄

တနင်္သာရီတိုင်း ဒေသကြီး ၊ မြို့နယ် ပေါင်းစုံ ကာယဗလမောင် နှင့် အမျိုးသမီး ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကို ယမန်နေ့ ည ၇ နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို က (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် တိုင်းဒေသကြီးမှ အားကစား သမားများ များနှင့် နည်းပြ တို့အား ဆုများ ချီးမြှင့်သည်။

ထို့နောက် ကာယဗလမောင် နှင့် အမျိုးသမီး ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲများကို ဆက်လက် ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကာယဗလမောင် (အငယ်တန်း) ၌ နှစ်သိမ့်ဆု ရရှိသော သူများအား ဆုများ ချီးမြှင့်ပြီး တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးကြည်ဝင်း က တတိယဆု ရရှိသော မောင်ရဲကျော်ဌေး (ထားဝယ်) နှင့် ဒုတိယဆု ရရှိသော မောင်ပြည့်စုံစိုး (မြိတ်) အား ငွေသားနှင့် တံခွန်စိုက် ဆုများ ချီးမြှင့်၍ ပထမဆု ရရှိသော မောင်ရန်အောင် (ထားဝယ်) အားစလွယ် ၊ ငွေသား နှင့် တံခွန်စိုက်ဆု များ ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက ကာယဗလမောင် (အကြီးတန်း) ၌ နှစ်သိမ့်ဆု ရရှိသော သူများအား ဆုများ ချီးမြှင့်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို က တတိယ ဆုရရှိသော မောင်ဟိန်းစိုး (လောင်းလုံ) နှင့် ဒုတိယဆု ရရှိသော မောင်သန်းထွန်း (မြိတ်) အား ငွေသားနှင့် တံခွန်စိုက် ဆုများ ချီးမြှင့်ပြီး ပထမဆု ရရှိသော မောင်မျိုးဇော် (မြိတ်) အား စလွယ် ၊ ငွေသားနှင့် တံခွန်စိုက်ဆု ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများက အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲ၌ နှစ်သိမ့်ဆု ရရှိသူများအား ဆုချီးမြှင့်ပြီး တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၏ ဇနီး ဒေါ်လှရီ က တတိယဆု ရရှိသော မအိအိဖြူ (ထားဝယ်) နှင့် ဒုတိယဆု ရရှိသော မမိုးပပ အား ငွေသား နှင့် တံခွန်စိုက် ဆုများ ချီးမြှင့်၍ ပထမဆု ရရှိသော မဆွေဆွေအောင် (သရက်ချောင်း) အား စလွယ် ၊ ငွေသားနှင့် တံခွန်စိုက်ဆု ချီးမြှင့်သည်။

အဆိုပါ မြို့နယ်ပေါင်းစုံ ကာယဗလမောင် (အကြီးတန်း) ပြိုင်ပွဲတွင် ခုနစ်ဦး ၊ ကာယဗလမောင် (အငယ်တန်း) ပြိုင်ပွဲတွင် ၁၄ ဦး ၊ အမျိုးသမီး ကာယ ကြံ့ခိုင်မှုပြိုင်ပွဲ တွင် ၁၆ ဦး ပါဝင် ယှဉ်ပြိုင် ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment