Pages

Friday, February 28, 2014

ကျန်းမာရေး အာမခံစနစ် စတင် အကောင်အထည် ဖော်ရန် စီစဉ်



ရန်ကုန် ၊ ၂၈-၂-၂၀၁၄

မြန်မာနိုင်ငံ ရှိ မြို့ကြီးများတွင် နိုင်ငံတကာ အဆင့်မီ အထူးကု ဆေးခန်းကြီးများ အပြိုင်အဆိုင် ပေါ်ပေါက် လာသကဲ့သို့ ရောဂါ ပြင်းထန်သော လူနာများ အတွက် ဆေးကုသ စရိတ် များသည်လည်း တဖြည်းဖြည်း မြင့်မား လာရာ လူနာရှင်များ အတွက် ၀န်ထုပ်ဝန်ပိုး များသဖွယ် ဖြစ်လာ သောကြောင့် ၄င်းတို့ကို တစ်ဖက်တစ်လမ်း မှ ကူညီ ပံ့ပိုး ပေးနိုင်စေရန် ရည်ရွယ်ချက် ဖြင့် နိုင်ငံတော် တွင် ကျန်းမာရေး အာမခံ စနစ် စတင် အကောင် အထည်ဖော် နိုင်စေရန် သက်ဆိုင်ရာ မှ စီစဉ် ဆောင်ရွက်လျက် ရှိပြီး ယခုနှစ်အတွင်း စတင် စမ်းသပ် လုပ်ဆောင် သွားရန် ရည်မှန်း ထားကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရသည်။

ကျန်းမာရေး အာမခံ ထားရှိသော သူတစ်ဦးသည် ပြင်းထန်စွာ နာမကျန်း ဖြစ်သော အခါတွင် ၄င်းအတွက် အထိုက် အလျှောက်သော ဆေးဝါး ကုသစရိတ် ကို သက်ဆိုင်ရာ အာမခံ လုပ်ငန်းမှ ပေးလျော် သွားမည် ဖြစ်သည်။ ထိုသို့ ပေးလျော်ရာတွင် ဆေးကုသ စရိတ် အားလုံး အတွက် ပံ့ပိုးခြင်း မဟုတ်ဘဲ ရောဂါ အခြေအနေ အရ အာမခံ အမျိုးအစား ပေါ် မူတည်ကာ ပေးလျော်ခြင်း ဖြစ်သော်လည်း လူနာရှင် များအတွက် ဆေးကုသ စရိတ် ကို အတိုင်းအတာ တစ်ခု အထိ လျှော့ချပေးနိုင်မည် ဖြစ်ကြောင်း နှင့် ယင်း အာမခံ စနစ် ကို အခြေခံ လူတန်းစား များနှင့် အလယ်အလတ် လူတန်းစား များအတွက် ရည်ရွယ်ကာ အကောင် အထည်ဖော် ဆောင်ရွက်ရန် စီစဉ် ရခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ နိုင်ငံတော် တွင် ကျန်းမာရေး အာမခံစနစ် ကို စတင် အကောင် အထည်ဖော် နိုင်စေရန် အတွက် အာမခံ ကြီးကြပ်ရေး အဖွဲ့က Special Test Force ကော်မတီ တစ်ရပ် ဖွဲ့စည်းရန် စီစဉ် ဆောင်ရွက်လျက် ရှိပြီး ထို ကော်မတီ ကို ကျန်းမာရေး ၀န်ကြီးဌာန မှ ကိုယ်စားလှယ် များ မြန်မာနိုင်ငံ ဆေးပညာရှင် များ အဖွဲ့၏ ကိုယ်စားလှယ် များနှင့် ပါဝင် ဖွဲ့စည်း သွားရန် စီစဉ် ထားကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတကာ အာမခံ ကုမ္ပဏီ ကြီးများမှ ကိုယ်စားလှယ် များကိုလည်း အကြံပေး အနေဖြင့် ပါဝင်စေမည် ဖြစ်ပြီး အဆိုပါ ကျန်းမာရေး အာမခံ စနစ်ကို ယခုနှစ် အတွင်း စတင် အကောင် အထည်ဖော်ကာ ရန်ကုန် ၊ မန္တလေး ကဲ့သို့သော မြို့ကြီး များတွင် တစ်နှစ်ကြာ စမ်းသပ် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

(ဆောင်းဦး)

No comments:

Post a Comment