Pages

Thursday, January 23, 2014

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ဖြင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆက်လက် ဆောင်ရွက်ပေး



ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း 
ဆေးဝါး ကုသမှု ခဲ့ယူနေသော ဒေသခံ ပြည်သူများအား 
ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားစဉ်
နေပြည်တော် ၊ ၂၃-၁-၂၀၁၄

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ဒေသခံပြည်သူ များအား တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) မှ တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ဇန်န၀ါရီ ၂၁ ရက်တွင် မြောင်းမြမြို့နယ် ၊ စကမြား ကျေးရွာတွင် အခြေပြုပြီး စကမြား ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၉၀၅ ဦးအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေမှုကို ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း ၊ အနောက် တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လူအေး နှင့် တာဝန်ရှိ သူများက သွားရောက် ကြည့်ရှု အားပေးပြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း က ဆေးဝါး လာရောက် ကုသသော လူနာများ အတွက် စားသောက် ဖွယ်ရာများ ထောက်ပံ့ ပေးအပ်သည်။

ယင်းနောက် တိုင်းမှူးက စေတနာရှင် ပြည်သူ တစ်ဦးမှ ပေးပို့ လှူဒါန်းသည့် ဆေးဝါးများအား ဆေးကုသရေး အဖွဲ့ခေါင်းဆောင် ထံသို့ ပေးအပ်ပြီး စကမြား ကျေးရွာရှိ အခြေခံ ပညာ အထက်တန်းကျောင်း ခွဲအတွက် ဗလာစာအုပ်များ ပေးအပ် လှူဒါန်းသည်။ ဆက်လက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း နှင့် တာဝန်ရှိ သူများသည် ဆေးဝါး လာရောက် ကုသမှု ခံယူလျက် ရှိသော ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးစကား ပြောကြားသည်။

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ဖြင့် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များက ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ သွားလာရေး ခက်ခဲသော ကျေးရွာများမှ ဒေသခံ ပြည်သူများအား ဇန်န၀ါရီ ၁၄ ရက်မှ ၂၁ ရက်အထိ ဒေသခံပြည်သူ ၄၉၃၇ ဦးအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနိုင် ခဲ့ပြီး ၄င်းတို့ထဲမှ မျက်စိ ဝေဒနာရှင် ၄၇ ဦး ၊ အဆီကျိတ် ရောဂါ ၆၈ ဦး ၊ အရိုးရောဂါ ၄၅ ဦး ၊ သားဖွားမီယပ် လူနာ တစ်ဥိး ၊ စုစုပေါင်း ၁၆၁ ဦးအား ခွဲစိတ် ကုသမှုများ ဆောင်ရွက် ပေးနိုင် ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)


No comments:

Post a Comment