Pages

Friday, January 24, 2014

ဆေးပညာဘွဲ့ရ ဆရာဝန်အမျိုးသမီး ဗိုလ်လောင်းသင်တန်း ဆင်းပွဲ အခမ်းအနား ကျင်းပ



ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ၀င်းမြင့် 
ဆေးပညာဘွဲ့ရ ဆရာဝန် အမျိုးသမီး ဗိုလ်လောင်းသင်တန်း
အမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနား တွင် အမှာစကား ပြောကြားစဉ် နှင့်
စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်စဉ်

ရန်ကုန် ၊ ၂၄-၁-၂၀၁၄

ဆေးပညာဘွဲ့ရ ဆရာဝန် အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၇ နာရီတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် ၊ မှော်ဘီ တပ်နယ် ၊ ဗဟိုဆေးတပ် ၌ ကျင်းပ ပြုလုပ်ရာ အဆိုပါ အခမ်းအနား သို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ၀င်းမြင့် ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးမြင့်သိန်း ၊ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဖုန်းမြင့် ၊ တပ်မှူးများ ၊ တပ်မတော် အရာရှိကြီးများ ၊ သင်တန်းဆင်း ဗိုလ်လောင်း များ၏ မိဘများ ၊ ဖိတ်ကြား ထားသော ဧည့်သည်တော် များ တက်ရောက် ကြသည်။

ရှေးဦးစွာ ဒုတိယ ဗိုလ်ချုပ်ကြီး ၀င်းမြင့် က သင်တန်းဆင်း ဗိုလ်လောင်း များအား ပြန်တမ်းဝင် အရာရှိ ခန့်အပ်လွှာများ ပေးအပ်ပြီး အမှာစကား ပြောကြားသည်။ ထို့နောက် သင်တန်းဆင်း ဗိုလ်လောင်း များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသူ ဗိုလ်လောင်း ၁၅ ဦး တက်ရောက်၍ သင်တန်း ကာလမှာ ရက်သတ္တပတ် လေးပတ် ကြာမြင့်ကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment