Pages

Tuesday, January 28, 2014

အာကာသဟင်းလင်းပြင် မှ စီးဆင်းသံများ သတိထား


အာကာသဟင်းလင်းပြင် မှ စီးဆင်းသံများ သတိထား

အယ်ဒီတာ့အာဘော်
( ၂၈-၁-၂၀၁၄ )

လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကျော်မှစ၍ နည်းပညာများ ပြောင်းလဲခဲ့ရာမှ ၂၁ ရာစုသို့ ရောက်သော် သတင်း ပြန်ကြားရေး နည်းပညာများ အရှိန်အဟုန်ဖြင့် ပြောင်းလဲ တိုးတက် လာခဲ့သည်။ အမေရိကန် ပြည်ထောင်စု မှ ကဗျာ ဆရာမကြီး ပါမောက္ခ မာရာအင်ဂလို ဆိုသူက ၂၁ ရာစုတွင် အရာဝတ္ထု ပစ္စည်းများ အပြောင်းအလဲ မြန်သော်လည်း လူသားတို့ သဏ္ဌာန်မှာ လောဘ ၊ ဒေါသ ၊ မောဟများ ဖုံးလွှမ်းနေပြီး အတ္တ ၊ အမုန်းတရား နှင့် သစ္စာမဲ့မှု များဖြင့် ပြည့်နှက် နေခြင်းကြောင့် လူတို့၏ စိတ်စေတသိတ် ပြောင်းလဲဦးမည် မဟုတ်ပါ။ လူတို့၏ တာဝန်သည် အတွေ့အကြုံ မှ ဘဝသစ္စာကို ဖော်ထုတ်၍ လောကသို့ ကောင်းကျိုး ပြုရန်သာ ဖြစ်ပြီး ဘဝသစ္စာ ရှာဖွေ ကြရာ၌ အချက်အလက် (င်္ခေအျ) သက်သက်ကိုသာ ဖော်ထုတ်ပေးရန် မဟုတ်ဘဲ ဆင်ခြင်တုံ တရားနှင့် ပေါင်းစပ် ပေးရမည်ဟု ရေးသား ခဲ့သည်။

သတင်း ပြန်ကြားရေး နည်းပညာ အရှိန်အဟုန်ဖြင့် တိုးတက် လာခြင်းကြောင့် နိုင်ငံတကာ ရေးရာ အဖြာဖြာ တို့ကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်သည်။ ဂလိုဘယ် လိုက်ဇေးရှင်း ခေတ်ရေစီးကြောင်း နှင့်အတူ ပွင့်လင်း မြင်သာမှု ၊ သတင်း လွတ်လပ်ခွင့်တို့ စီးမျော ပါလာကြရာ လူပုဂ္ဂိုလ် ဆိုင်ရာ များအား လိုအပ်သည်ထက် ပိုမိုဖွင့်ချ နေကြသည်။ အကြောင်းအရာ တစ်ခုကို အခြေခံ၍ မမှန်သော သတင်းများ ရောထွေးကာ အင်တာနက် ဝက်ဘ်ဆိုက် ကွန်ရက်များ မှ တစ်ဆင့် ပုံကြီးချဲ့ သတင်းလွှင့် နေကြသည်။ ဤ အကြောင်းများ ကြောင့် ပုံနှိပ် ထုတ်ဝေသူများ ၊ ရေဒီယို အသံလွှင့် သူများ ၊ ရုပ်မြင်သံကြား ထုတ်လွှင့်သူများ နှင့် ပရိသတ် တို့ကြားတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ် စေခဲ့သည်။

သတင်းပေးသူ နှင့် သတင်းရေးသူ တို့သည် သတင်းဆိုသော အဓိပ္ပာယ် နှင့် သတင်း လွတ်လပ်ခွင့် ဆိုသော အဓိပ္ပာယ် တို့ကို ဂဃနဏ မသိကြခြင်း မှာ မီဒီယာ လောက အတွက် ကြီးမားသော အခက်အခဲ ဖြစ်သည်။ သတင်းတစ်ပုဒ် အတွက် အနည်းဆုံး လိုအပ်ချက်မှာ အစွဲကင်း၍ စာဖတ်သူ အတွက် အကျိုးရှိ စေသော အသိအမြင် တစ်မျိုးမျိုး ကို ထိထိမိမိ ပေးနိုင်စွမ်း ရှိရမည် ဖြစ်သည်။ ထို့ကြောင့် သတင်းစာ အချို့က ပွဲသတင်းများကို အခါ အားလျော်စွာ ဖော်ပြပေး ပါမည်ဟု နယ်သတင်းထောက် များအား ကြိုတင် အသိပေး ကြသည်။ ဘယ်သူဆို သည်ထက် ဘာကြောင့် ၊ ဘယ်လို ဆိုသည်တို့ကို ပြည့်စုံစွာ ဖော်ပြနိုင်ခြင်း သည် စာဖတ် ပရိသတ် အတွက်  ပို၍ အကျိုးရှိ စေမည် ဖြစ်သည်။

မီဒီယာ လွတ်လပ်ခွင့် အကြောင်း ပြောကြမည် ဆိုသော် မီဒီယာတွင် ရေးသား ထုတ်လွှင့်သော စာလုံး အဓိပ္ပာယ် နှင့် ဝါကျတို့၏ အဓိပ္ပာယ် အတိမ်အနက် ကို ဦးစွာ သိရှိ နားလည်ရန် လိုအပ်သည်။ သတင်းစာ လွတ်လပ်ခွင့် နှင့် ဖွားဖက်တော် မှာ တာဝန်ယူမှု ဖြစ်သည်။ တာဝန်ယူမှု အတွက် ခြေခြေမြစ်မြစ် သိထားရမည့် အချက်များမှာ လွတ်လပ်မှု အတွက် မည်သူက အဆုံးအဖြတ် ပေးမည်၊ အဆုံးအဖြတ် ပေးသူတို့သည် ပုဂ္ဂိုလ်စွဲ ၊ ဝါဒစွဲ ၊ ဘာသာစွဲ စသည့် ဘက်လိုက်မှု ကင်းပါ၏လော ၊ အဓိပ္ပာယ် ကောက်ယူရာ တွင် ဝိဝါဒ ကွဲပြားမှု ရှိနိုင်သော ဝေါဟာရ များအား ပရိသတ် ၏ အတွေးအမြင် မလွဲမှားစေရန် တာဝန်ယူ နိုင်ပါမည်လော ၊ စာတစ်ပုဒ်လုံး အတွက် တာဝန်မယူ နိုင်ဘဲ တစ်စိတ် တစ်ဒေသ ကိုသာ တာဝန်ယူ မည်လော ၊ အလားတူ စာနယ်ဇင်း ကျင့်ဝတ်နှင့် ကိုက်ညီကြောင်း တာဝန်ယူ နိုင်ပါမည်လော စသည့် မေးခွန်းပေါင်း မြောက်မြားစွာ ရှိသည်။ ဤအကြောင်း များကြောင့် မိမိရေးသော စာမူအတွက် မိမိ တာဝန်ယူပါသည် ဆိုစကားကို အလွယ် မပြောမိစေရန် သတိပြု ရမည် ဖြစ်သည်။

ယခင်က လှုပ်ရှားမှု ပုံရိပ်များအား ရုပ်မြင်သံကြား စနစ်ဖြင့်သာ ရိုက်ကူး ထုတ်လွှင့် နိုင်ခဲ့သော်လည်း ယနေ့ အချိန်တွင် ဆဲလ်ဖုန်း နှင့် မိုဘိုင်းလ် ကိရိယာများ အသုံးပြု၍ ဂြိုဟ်တု ဆက်သွယ်ရေး စနစ်ဖြင့် ချိတ်ဆက် အသုံးပြု နေကြခြင်းကြောင့် ¤င်းကိရိယာ အသုံးပြု သူတို့သည် မီဒီယာ ကျင့်ဝတ်ကို လိုက်နာ ရမည် ဖြစ်သည်။ နိုင်ငံတကာတွင် MP3 အသုံးပြု သူများကို မီဒီယာ စာရင်းဝင် အဖြစ် သတ်မှတ် ထားကြသည်။

သို့ဖြစ်၍ မီဒီယာ တို့သည် သတင်းရေးသား ထုတ်လွှင့် ကြရာ၌ အထင်ကို မဖော်ပြဘဲ အမြင်ကိုသာ ဖော်ပြကြရ မည်ဖြစ်သည့် အပြင် ကြားနေသူ (Neutral) အဖြစ်သာ ရပ်တည်ကာ ကိုယ်တိုင် ပါဝင်လှုပ်ရှားသူ မဖြစ်စေရန် အထူး သတိထား ကြရမည် ဖြစ်ပါကြောင်း။   ။

No comments:

Post a Comment