Pages

Friday, January 31, 2014

မြန်မာနိုင်ငံမှ စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် အိုင်တီအင်ဂျင်နီယာများကို အိန္ဒိယနိုင်ငံတါင် သင်တန်းတက်ရောက်ရန် စီစဉ်ထား



ရန်ကုန် ၊ ၃၁-၁-၂၀၁၄

မြန်မာနိုင်ငံမှ စွန့်ဦးတီထွင် လုပ်ငန်းရှင် များနှင့် အိုင်တီ အင်ဂျင်နီယာ များကို အိန္ဒိယနိုင်ငံ တွင် သင်တန်းများ ပို့ချသွားရန် ကုလသမဂ္ဂ ၏ အာရှ - ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေး ၊ လူမှုရေး ကော်မရှင်က စီစဉ် ထားကြောင်း သိရသည်။

ထို့သို့ လက်တွေ့သင်တန်းများ ပို့ချရာတွင် မြန်မာနိုင်ငံ မှ နည်းပညာ အင်ဂျင်နီယာ များနှင့် စွန့်ဦး တီထွင် လုပ်ငန်းရှင်၂၅ ဦးကို အိန္ဒိယနိုင်ငံ သို့ ဖိတ်ခေါ်မည် ဖြစ်ပြီး သင်တန်း ကာလမှာ ၁၂ ပတ် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။ 

ထိုအစီအစဉ် သည် မြန်မာ နိုင်ငံ၏ နည်းပညာ ကဏ္ဍ အဆင့် မြှင့်တင်ရန် အတွက် ကုလသမဂ္ဂ ၏ အာရှ - ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေး ၊ လူမှုရေး ကော်မရှင်က သတင်းနှင့် နည်းပညာ စွမ်းအင် မြှင့်တင်ရေး အစီအစဉ်အရ အကောင် အထည် ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

၎င်း အစီအစဉ်ကို အိန္ဒိယနိုင်ငံ အစိုးရ ၊ မြန်မာနိုင်ငံ အစိုးရနှင့် အိန္ဒိယနိုင်ငံ အခြေစိုက် ထိပ်တန်း နည်းပညာ ကုမ္ပဏီများ ဖြစ်သည့် ESCAP နှင့် Infosys တို့ပူးပေါင်း ဆောင်ရွက် ကြခြင်းဖြစ်ပြီး အဆိုပါ ပူးတွဲ အစီအစဉ် အတွက် အမေရိကန် ဒေါ်လာ တစ်သန်း သုံးစွဲမည်ဖြစ် ကြောင်းလည်း သိရသည်။

နည်းပညာ သင်တန်းကို လာမည့် သီတင်းပတ် အတွင်း အိန္ဒိယ နိုင်ငံ မိုက်ဆူးရ်မြို့ တွင် စတင် ဖွင့်လှစ်မည် ဖြစ်ပြီး ESCAP နှင့် Infosys နည်းပညာ ကုမ္ပဏီများမှ ကျွမ်းကျင် အရာရှိများက သင်တန်း ပို့ချ သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။

အဆိုပါ အစီအစဉ် အရ မြန်မာ အစိုးရက စီစဉ်နေသည့် e-Government ဖော်ဆောင်ရေး တွင် အထောက်အပံ့ ဖြစ်စေရန် နှင့် မြန်မာ နိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံ မည့် နည်းပညာ ကုမ္ပဏီကြီးများ တွင် အလုပ်အကိုင် အခွင့်အလမ်း များ ရရှိစေရန် ရည်ရွယ်ခြင်း ဖြစ်ပြီး နိုင်ငံတကာမှ အတွေ့အကြုံ များ ၊ နည်းပညာများ နှင့် ကမ္ဘာ့ စီးပွားရေး အခြေအနေ အရပ်ရပ် ကိုလည်း လေ့လာ နိုင်မည် ဖြစ်ကြောင်း ၄င်း ထုတ်ပြန်ချက် တွင် ဖော်ပြထား ကြောင်း သိရှိရသည်။

No comments:

Post a Comment