Pages

Thursday, December 5, 2013

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ ဗီဇာတိုးရန် One Stop Service Center များ ဖွင့်ရန်စီစဉ်


ရန်ကုန် ၊ ၅-၁၂-၂၀၁၃

ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမား များအတွက် ဗီဇာ သက်တမ်း တိုးရန် ထိုင်း - မြန်မာ နယ်စပ် တစ်လျှောက်တွင် One Stop Service Center များ ဖွင့်လှစ်ရန် စီစဉ် နေကြောင်း အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ သိရသည်။

အဓိက အားဖြင့် ဗီဇာကုန် နေသည့် မြန်မာ ရွှေ့ပြောင်း လုပ်သားများကို ရည်ရွယ်သည် ဟုလည်း သိရသည်။ အဆိုပါ အလုပ်သမားများ အတွက် One Stop Service Center များကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံး အပါအဝင် ထိုင်း - မြန်မာ နယ်စပ်ဒေသ များဖြစ်သည့် မယ်ဆိုင် (တာချီလိတ်) ၊ မဲဆောက် (မြဝတီ) ၊ ပူနရွန် (ထီးခီး) ၊ ဆင်ဂေါင်း (မောတောင်) နှင့် ရနောင်း (ကော့သောင်း) တို့တွင် ဖွင့်လှစ်ရန် စီစဉ် ထားကြောင်း သိရသည်။

အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အနေဖြင့် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာ အလုပ်သမားများ ဆက်လက် လုပ်ကိုင်ခွင့် ရရေးအတွက် ယခင် ယာယီ နိုင်ငံကူး လက်မှတ်အစား နိုင်ငံကူး လက်မှတ် ပတ်(စ်)ပို့အနီ ပြောင်းလဲ ထုတ်ပေး သွားမည်ဖြစ်ပြီး အလုပ်သမားများ အနေဖြင့် မှတ်ပုံတင် ၊ သန်းခေါင် စာရင်း စသည့် အထောက်အထား များနှင့်အတူ နယ်စပ်ဒေသရှိ သက်ဆိုင်ရာ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး စခန်းများ One Stop Service Center တွင် လာရောက် ပြုလုပ်ရမည် ဖြစ်သည်။ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ဗီဇာ သက်တမ်းကုန်ဆုံး နေသည့် မြန်မာ အလုပ်သမား ၃ဝဝဝဝ ကျော် ရှိနေပြီး ထိုင်းတွင် မြန်မာ ရွှေ့ပြောင်း လုပ်သား အင်အား သုံးသန်း အထက်တွင် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment