Pages

Tuesday, December 3, 2013

တောင်ကြီးမြို့တွင် ၂၁ဝ၈ ခုနှစ် ရှမ်းနှစ်သစ်ကူး ပွဲတော်ကျင်းပ



တောင်ကြီး ၊ ၃-၁၂-၂ဝ၁၃

၂ဝ၁၃ ခုနှစ် ၊ ဒီဇင်ဘာ ၂ ရက်နေ့ ၁၃၇၅ ခုနှစ် ၊ တန်ဆောင်မုန်း လကွယ်နေ့ တွင် ကျရောက်သော  ၂၁ဝ၈ ခုနှစ် ၊ ရှမ်းနှစ်သစ်ကူး ပွဲတော် အခမ်းအနား ကို တောင်ကြီးမြို့ ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ခန်းမ၌ ကျင်းပပြုလုပ် ရာ ဒီဇင်ဘာ ၁ ရက် ညနေ ၆ နာရီက နှစ်သစ်ကူး အကြို ညစာစားပွဲ အခမ်းအနား ကို ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ နှင့် ပြည်နယ် ဝန်ကြီးများ ၊ လွှတ်တော် ကိုယ်စားလှယ်များ ၊  အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် မှ တပ်မတော် အရာရှိကြီးများ ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များ ၊ တိုင်းရင်းသား ရိုးရာ အဖွဲ့များ နှင့် ဖိတ်ကြား ထားသော ဧည့်သည် တော်များ တက်ရောက် ကြသည် ။ 

ပထမဦးစွာ ရှမ်းနှစ်သစ်ကူး ပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဌ ဦးစိုင်းထွန်းမြတ် က ရှမ်းနှစ်သစ်ကူး ပွဲတော် ဖြစ်ပေါ် လာပုံ သမိုင်းနှင့် ပွဲတော် ကျင်းပ ပြုလုပ်ခဲ့မှု အခြေအနေ များကို ရှင်းလင်း ပြောကြားသည် ။ ထို့နောက် အခမ်းအနား တက်ရောက် လာကြသည့် ဧည့်သည်တော် များကို ညစာဖြင့် တည်ခင်း ဧည့်ခံ ကျွေးမွေးပြီး ရှမ်းတိုင်းရင်း သားရိုးရာ ကိန္နရီ ကိန္နရာ အက ၊ တိုးနယားအက ၊ ဓားသိုင်းအက ၊ လက်သိုင်း အကနှင့် နှစ်သစ်ကူး ပွဲတော် သီချင်းများဖြင့် ကပြ ဖျော်ဖြေ ကြသည် ။ ယင်းနောက် အလှူငွေ ပေးအပ်ခြင်း အခမ်းအနား ကို ကျင်းပရာ စေတနာ ရှင် အလှူရှင် များမှ အလှူငွေများ ပေးအပ် လှူဒါန်းကြရာ နှစ်သစ်ကူး ပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဌ နှင့် ဒုတိယ ဥက္ကဌ တို့က လက်ခံ ရယူ ကြသည် ။ 

ဆက်လက်၍ တိုင်းရင်းသား ရိုးရာ အကပဒေသာ များဖြင့် ဖျော်ဖြေ တင်ဆက်ကြရာ အခမ်းအနား တက်ရောက် လာကြ သူများက ကြည့်ရှု အားပေးကြပြီး တိုင်းရင်းသား ရိုးရာအက အဖွဲ့များ အတွက် ချီးမြှင့် ငွေများ အသီးသီး ချီးမြှင့် ခဲ့ကြောင်း သိရှိရသည်။








No comments:

Post a Comment