Pages

Thursday, December 19, 2013

အကောက်ခွန်မဲ့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ရန်ကုန်လေဆိပ် ရေဆိပ် နှင့် နယ်စပ်တို့တွင် စစ်ဆေး ဖမ်းဆီးလျက်ရှိ


ရန်ကုန် ၊ ၁၉-၁၂-၂၀၁၃

အကောက်ခွန်မဲ့ တင်သွင်းလာ သည့် ကုန်ပစ္စည်း များကို ရန်ကုန် လေဆိပ် ၊ ရေဆိပ်များ နှင့် နယ်စပ် ဂိတ်အသီးသီး တို့တွင် စစ်ဆေး ရှာဖွေ ဖမ်းဆီးလျက် ရှိရာ ထိုကဲ့သို့ ဖမ်းဆီး ရရှိမှုတွင် မိုဘိုင်းဖုန်း ၊ ကွန်ပျူတာ နှင့် ဆက်စပ် ပစ္စည်းများ ဖမ်းဆီး ရရှိမှု အများဆုံး ဖြစ်နေ ကြောင်း သိရသည်။

အကောက်ခွန် ဦးစီးဌာနမှ အကောက်ခွန်မဲ့ တင်သွင်း လာသည့် ကုန်ပစ္စည်း များကို ရန်ကုန် လေဆိပ် ၊ ရေဆိပ်များ နှင့် နယ်စပ် ဂိတ်အသီးသီး တို့တွင် စစ်ဆေး ရှာဖွေ ဖမ်းဆီးလျက် ရှိရာ နိုဝင်ဘာလ အတွင်း အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ မိုဘိုင်းဖုန်း ၁၉ လုံး ၊ တန်ဖိုးငွေ ကျပ် သိန်း ၁ဝဝ ခန့် အပါအဝင် ဧပြီလ ၁ ရက်မှ နိုဝင်ဘာ ၃ဝ ရက်အထိ မိုဘိုင်းဖုန်း နှင့် ဆက်စပ် ပစ္စည်းများ ၊ ကွန်ပျူတာ နှင့် ဆက်စပ် ပစ္စည်းများ ဖမ်းဆီး ရရှိမှုမှာ စုစုပေါင်း တန်ဖိုးငွေ ကျပ် ၃၅၈ဝ ဒသမ ၈ သိန်း ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာန မှ ထုတ်ပြန်သည်။

ဖမ်းဆီး ရရှိမှုများ အနေဖြင့် ရန်ကုန် လေဆိပ် ၊ ရေဆိပ်များမှ စုစုပေါင်း အမှုတွဲ ၂၄၁ မှုဖြင့် စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေ ကျပ် ၁၂၁၇၄ ဒသမ ၅၁ သိန်းခန့် ၊ နယ်စပ် ဝင်ပေါက် များမှ အမှုတွဲ စုစုပေါင်း ၂၈၃ မှု ၊ ခန့်မှန်း တန်ဖိုးငွေ ကျပ် ၁၇၅၉၁ ဒသမ ၇၈ သိန်းခန့် စုစုပေါင်း အမှုတွဲ ၅၂၄မှု ၊ ခန့်မှန်း တန်ဖိုးငွေ ကျပ်၂၉၇၆၆ ဒသမ ၂၉ သိန်းခန့် ကို တားဆီးကာ အကောက်ခွန် ဥပဒေ များအရ အရေးယူ ဆောင်ရွက် နိုင်ခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် အကောက်ခွန် မှ နိုဝင်ဘာ ၂၂ ရက်တွင် တရားမဝင် ဆေးဝါးများ ၊ ခန့်မှန်း တန်ဖိုးငွေ ကျပ် ၈၂ သိန်း ခန့်ကို လည်းကောင်း ၊ နိုဝင်ဘာ ၃ဝ ရက်တွင် အလှကုန် ပစ္စည်းများ ခန့်မှန်း တန်ဖိုးငွေ ကျပ် ၁ဝ သိန်းခန့် ကို လည်းကောင်း စစ်ဆေး ရှာဖွေ တားဆီး ခဲ့ကြောင်း ၊ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် အကောက်ခွန် အနေဖြင့် နိုဝင်ဘာ ၂၁ ရက်မှ ၃ဝ ရက် အထိ ဆေးဝါးများ ၊ အလှကုန် ပစ္စည်းများ ၊ ကွန်ပျူတာ ဆက်စပ် ပစ္စည်းများ ၊ နာရီများ အပါအဝင် စုစုပေါင်း အမှုတွဲ ကိုးမှု ၊ ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၁၄ သိန်းခန့် ကို ဖော်ထုတ် တားဆီး နိုင်ခဲ့ပြီး တည်ဆဲ အကောက်ခွန် လုပ်ထုံး လုပ်နည်း ဥပဒေများ အရ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


No comments:

Post a Comment